The God King (part3)

107 13 0
                                    

ဆိုးပေ့မိုက်ပေ့မင်း၀သုန်တို့အဖွဲ့ဟေ့ဆို...ဘယ်သူမှအနားမကပ်ရဲကြတော့ဘူး..
ဘာလို့လဲသိလား...ထန်းရည်မူးနေချိန်မို့ရမ်းကားတတ်သည့်ကျုပ်တို့အဖွဲ့လူမပြောနဲ့လမ်းဘေးခွေးတောင်ကောင်းကောင်းမနေရအောင်လုပ်တတ်တာ...အခုလည်းကြည့်ညနေနွားရိုင်းသွင်းချိန်မှာရွာထဲကိုဒယိမ်းဒယိုင်နဲ့၀င်လာသောကာလသား၅ယောက်ဟာအရှေ့ကမြင်ကွင်းတချို့ကြောင့်ထို၅ယောက်၏ခေါင်းဖြစ်သူမင်း၀သုန်ကတံထွေးကိုထွေးထုတ်ရင်း''ဟျောင့်ညီခင်အရှေ့ကမြင်ကွင်းကဘာတွေလဲကြည့်ရဆိုးလိုက်တာကွာ...''

ညီခင်ကပုဆိုးကိုပြန်၀တ်ကာခါးတောင်းကျိုက်ရင်းအကျီလက်ကိုခေါက်တင်လိုက်လေသည်။

''ဘာရမလဲကို၀သုန်ရ..အရှေ့ကကောင်တွေကဟိုဘက်ရွာကသူကြီးသဃ်ာရဲ့သားမဂ်လာတို့အဖွဲ့လေ...ရွာကမိန်းမပျိုတွေကို၀ိုင်းအနိုင်ကျင့်နေကြတာ...မြင်ကွင်းကတော့ကွာတကယ့်ကိုကြည့်ရဆိုးတာဗျာ...ကျုပ်တော့လက်ယားနေပြီး....''

''ကို၀သုန်ဘာလုပ်မှာလဲဒီတိုင်းငြိမ်နေလို့တော့မဖြစ်ဘူးကြာရင်ကျုပ်တို့ရွာကအပျိုတွေဒီကောင်တွေလက်ချက်နဲ့အရှက်ရချည်ရဲ့ဗျာ...''

၀သုန်ကဘာမှမပြောသေးဘဲစဥ်းစားနေဟန်နဲ့ကိုခင်မောင်ဘက်ကိုလှည့်လာလေသည်။ခင်မောင်ကတော့သူ့အား၀သုန်ကြည့်နေတာကြောင့်''ဘာလဲ၀သုန်ငါပွဲဦးမထွက်တတ်တာမင်းလည်းသိရက်သားနဲ့...''

၀သုန်ကိုခင်မောင်စကားကြောင့်ရယ်လိုက်လေသည်။

''ဟားဟားကိုခင်မောင်ရာကျနော်ကဘာပြောသေးလို့လဲ...ကိုခင်မောင်ခဗျားမှာလောက်လေးခွပါတယ်မလား''

''အေးငါအမြဲဆောင်ထားတယ်ဘာလို့''

''ခဗျားလေးခွနဲ့အဲဒီကောင်တွေထဲကတစ်ယောက်ကိုပစ်လိုက်...ကျန်တာကျုပ်တို့ဆက်လုပ်လိုက်မယ်''

''အေးငါပစ်ပေးမယ်ကျန်တာမင်းတို့ရှင်းကြ''

''ကိုခင်မောင်တည့်အောင်ပစ်နော်တော်ကြာလွဲနေမှအပျိုတွေမျက်နှာထိရင်ပြသာနာတက်ရချည်ရဲ့..''

''ငါဘယ်တုန်းကလက်မတည့်လို့လဲလှထွေးရမင်းသေချာကြည့်နေ''

''လက်တည့်တာသိပါတယ်ထန်းရည်၀င်နေတာဆိုတော့မျက်လုံး၂ထပ်နဲ့ပစ်မှာစိုးလို့ပြောနေတာပါ...ဘုန်း..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now