The God King (part24)

80 9 0
                                    

''ညီမလေးအဘတို့ပြန်လာတာမြင်လိုက်လား''

သစ္စာချက်ပြုတ်ဖို့ပြင်ဆင်နေသောလိပ်ပြာအားအဘပြန်လာပြီးလားဟုမေးတော့ခေါင်းခါပြလေသည်။

''မမအဘတိူ့ပြန်မရောက်လာသေးဘူးလား...ညနေနေ၀င်ခံနီးနေပြီး...''

''ဟုတ်တယ်ညီမလေး..မမစိတ်ပူနေတာအဘတို့တစ်ခုခုဖြစ်နေတာလား...''

''အမ.အမ...ဆရာတို့ပြန်ရောက်လာပြီး....''သူရတစ်ယောက်အပြေးအလွှားနဲ့သစ္စာတို့ရှိရာဆီသို့ပြေးလာခဲ့လေသည်။

''ဒါပေမယ့်...''သူရစကားတို့ကိုဆက်မပြောပေ။

သစ္စာစိုးရိမ်စွာနဲ့ထပ်မေးလိုက်သည်။

''ဘာဖြစ်လဲသူရ..အမကိုမြန်မြန်ပြောပါ''

''ကိုလွမ်းမောင်.ကိုလွမ်းမောင်တောထဲမှာကျားဆွဲခံရလို့တဲ့..အခုဒဏ်ရာအပြင်းမထန်ရနေတယ်..''

''ဘုရား...ဘုရား....''သစ္စာတစ်ယောက်ဘုရားတကာအကိုဖြစ်သူသတင်းကြောင်းမေ့လဲသွားလေသည်။

''မမ...မမ...သူရလုပ်ပါအုန်း''သစ္စာထိုအသံကိုကြားတစ်ချက်မကြားတစ်ချက်နဲ့ပင်...

ခင်မောင်လှထွေးလက်မောင်းကိုသွေးသိပ်အောင်လုပ်ပေးပြီးသေချာချုပ်ပေးလေသည်။နောက်အ၀တ်စနဲ့စည်းပေးကာ''လှထွေးမင်းအခုတလောသိပ်မလှုပ်ရှားနဲ့ငြိမ်ငြိမ်နေ...''

''ကျုပ်ကအငြိမ်နေတတ်တဲ့ကောင်မှမဟုတ်တာကိုခင်မောင်''

''ချုပ်ရိိုးဖြေသွားရင်ငါထပ်မလုပ်ပေးတော့ဘူး''

''ဟာသမားတော်ဖြစ်ပြီးလူနာကိုအဲလိုပြောစရာလား...ကိုခင်မောင်တောမှာကျန်ခဲ့တဲ့ကျုပ်တို့အဖွဲ့ကိုဘာဆက်လုပ်မှာလဲ...သူတို့ဒီအချိန်လောက်ဆိုကျုပ်တို့၂ယောက်ကိုရှာနေတော့မယ်''

''မင်းတွေးတာငါကြိုသိပြီသားဒါကြောင့်စာပို့ငှက်နဲ့သူတို့ကိုသတင်းပြောထားပြီးပြီးသူတို့လိုက်လာလိမ်မ့ယ်''

''လမ်းသိလို့လား''

''အေးဟေ့ငါကဒီတိုင်းပို့လိုက်တော့ဘယ်သိမလဲနော်..ကာလသားချက်လှထွေး...သူတို့ကိုပြောမှတော့နေရာလဲပြောပြရတော့မှာပေါ့''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now