အပိုင်း(၈၉)သူကလဲ ဒီမှာလား

4.9K 597 4
                                    

Unicode
ဒါပဲ တော်လောက်ရောပေါ့။ ယန်ဟွမ် အိတ်တွေအများကြီးကို ဆွဲပြီး အိတ်ပြန်လာခဲ့တယ်။ တစ်ကယ်တော့ ဒီလိုမျိုး အပြင်မှာ ဈေးဝယ်ခွင့်ရတယ်၊ ကောင်းကင်ပြာကြီးရဲ့အောက် မှာ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ရတယ်ဆိုတာကိုက ဇိမ်ခံခြင်းတစ်မျိုးဖြစ်နေပြီးသားပါ။

အနုပညာရှင်တွေ...... သူတို့က ဘဝရဲ့ အပိုင်းတစ်ခြမ်းကိုတော့ရလိုက်ပေမဲ့ နောက်တစ်ခြမ်းကိုတော့ လက်လွှတ်ပေးရတဲ့သူတွေပါ။

ယန်ဟွမ် အဲ့တာကို ကောင်းကောင်းကြီးသိပါတယ်။

ဟင်းချက်စရာ အထုပ်တွေကို သယ်လာပြီး သူမ ဓာတ်လှေကားထဲကိုရောက်တော့မှ သက်ပြင်းလေးချလိုက်တယ်။ ဟူးးးနောက်ဆုံးတော့အိမ်ပြန်ရောက်ပြီ။

ရုတ်တရက်ဆိုသလိုပဲ သူမဆံပင်တွေ အရင်းကနေပြီး ထောင်လာတယ်လို့ခံစားလိုက်ရတယ်။ ပြီးတော့ သူမ နှလုံးခုန်တာလဲ မြန်လာတယ်။ သူမ နည်းနည်းထူးဆန်းနေသလိုခံစားလိုက်ရတယ်။

တိတ်ဆိတ်နေတဲ့ ဓာတ်လှေကားထဲမှာ သူမအပြင် အသက်ရှူနေတဲ့လူ နောက်တစ်ယောက်ရှိနေသေးတယ်။ သူမ ခေါင်းငုံ့ပြီး အောက်ကိုကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်ရဲ့ ခြေထောက်ကို တွေ့လိုက်ရတယ်။

ခြေထောက်ကအကြီးကြီးပဲ။ သူ့ရဲ့ ဖိနပ်ဆိုဒ်က ဘယ်လောက်ရှိမယ်မှန်းတော့ မသိပေမဲ့ သူမဘေးမှာရပ်နေတဲ့ ခြေထောက်ကတော့ တော်တော်လေးကို ကြီးတယ်။

အခု သူမ ဖော်​မပြနိုင်လောက်တဲ့ ရင်းနှီးမှုကြီး ခံစားနေရတော့ သူမ စိတ်ဓာတ်ကျသွားတယ်။

သူမ နှာခေါင်းကယားလာတယ်။ သူမဘေးကို တစ်ချက်လောက် ခိုးကြည့်လိုက်တဲ့အချိန်မှာ သူမဘေးမှာ ရပ်နေတာက ဘယ်သူလဲဆိုတာ သူမသိသွားတယ်။

ပြီးတော့ သူက သူမနဲ့ နီးနီလေးမှာ ရှိနေတာ။ သူမ လက် မောင်းကတောင် နာလာသလိုခံစားရတယ်။

ဓာတ်လှေကားက တစ်ချိန်လုံး အပေါ်ကို တက်သွားတယ်။ သူမလဲ တစ်ထပ်တက်သွားတိုင်းပြောင်းသွားတယ့် အနီရောင် နံပါတ်တွေကို ကြည့်နေလိုက်တယ်။ ၅ထပ် ၊ ၆ထပ် ၊ ၇ထပ်......

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now