အပိုင်း(၅၄) ငါတို့ အကုန်ကြားနေရတယ်

5K 637 12
                                    

Unicode
ရိုက်ကူးရေးက သဘက်ခါမှာ စတင်မယ်လို့ တရားဝင်ကြေညာလိုက်တယ်။ makeup test တစ်ခုနဲ့စတင်မှာဖြစ်ပြီး ပါသမျှ သရုပ်ဆာင်တွေအကုန်လုံးကို ဇာတ်ကားထဲကအတိုင်းဝတ်စုံပြည့်နဲ့ မိတ်ကပ်ပုံစံတွေနဲ့ ဓာတ်ပုံရိုက်မှာဖြစ်တယ်။ ဒါကမှ ယန်ဟွမ်ရဲ့ တစ်ကယ့် debut အစစ်ဖြစ်တယ်။ သူမရဲ့ မျက်နှာက တီဗွီထဲမှာ ပါလာမယ့်အပြင် သူမရဲ့ နာမည်ကို ရော စာတန်းထိုးပြသွားမှာဖြစ်တယ်။

အဲ့ဒီ့ညက ပုံမှန်လိုပဲ တိတ်ဆိတ်နေတယ်။ ဒါပေမဲ့ ရုတ်တရပ် ထူးဆန်းတဲ့အသံဆူဆူညံညံတွေကြားလိုက်ရတယ်။ အဲ့အသံတွေက ကျယ်လွန်းလို့ ယန်ဟွမ်တောင် ဇာတ်ညွှန်းဖတ်နေတာ စိတ်မပါတော့ဘူး။ သူမ အဲ့အသံတွေကို သေချာနားထောင်ကြည့်လိုက်တော့ ဘာအသံတွေလဲ ဆိုတာ သိသွားတော့မှ သူမ ရှက်သွားတယ်။

ဘေးအခန်းက လင်မယားစုံတွဲက ကိစ္စ .... တွေ ....လုပ်နေကြတဲ့အသံပဲ။

" ရှင့်ရဲ့ အသံကို တိုးပါဦး။ တစ်​ယောက်ယောက်ကြားသွားရင် ဘယ်လိုလုပ်မလဲ။ "

" ဘာမှစိတ်ပူမနေနဲ့ ငါတို့ကို ဘယ်သူမှ မကြားနိုင်ဘူး။ "

သူတို့က အဲ့လိုနဲ့ အရှက်မရှိ အကျယ်ကြီး ဆက်လုပ်နေကြတယ်။ ယန်ဟွမ်က စိတ်ထဲကနေပဲ သက်ပြင်းချလိုက်တယ်။ သူမ ဇာတ်ညွှန်းကို ကိုင်လိုက်ပြီး ဆက်ဖတ်နေလိုက်တယ်။ သူမမှာ စာသားအများကြီးမပါဘူး။ ဒါပေမဲ့ သူမရဲ့ ဇာတ်ကောင်က သေချာ ခိုင်မာတဲ့ သရုပ်ဆောင် အရည်အချင်းတွေရှိနေဖို့လိုတယ်။ ပုံမှန်အခြေအနေမျိုးတွေမှာ ဆိုလို့ရှိရင် သူမလို ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ သရုပ်ဆောင်တစ်ယောက်အတွက် ဒီဇာတ်ကောင်က အရမ်းကို ခက်ခဲလိမ့်မယ်ဆိုတာ သူမ သံသယမဖြစ်ပါဘူး။ ဒါပေမဲ့ သူမကို ဘဝမှာ ဒုတိယအခွင့်အရေးပေးခဲ့တာပဲ။ ဒါကို သူမ ကောင်းကောင်းအသုံးချသွားမှာပါ။ သူမက သူမဘဝအဆင်ပြေအောင်လို့ အရင်ဘဝက မှတ်ဉာဏ်တွေနဲ့ သူများတွေကို လိမ်ညာတာတော့ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူမကိုယ်သူမတော့ အမှားတွေထပ်မလုပ်မိအောင် နေသွားမှာ။ သူမအတွက် အရေးအကြီးဆုံးလူတွေကို ကယ်မှာဖြစ်ပြီး သူမ ကာကွယ်ရမယ့်လူတွေကိုတော့ ကာကွယ်သွားမှာဖြစ်တယ်။ ပြီးတော့ ဒီတစ်ခုကလဲ မလုပ်မဖြစ်....... သူမ ဒီတစ်ခါမှာတော့ အဲ့ဒီ့မကောင်းတဲ့ အကောင်တွေနဲ့ ဝေးနိုင်သမျှ ဝေးအောင်ရှောင်သွားမှာဖြစ်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now