အပိုင်း(၄၁) ကြောင်ပေါက်လေး

5.2K 680 2
                                    

Unicode
အပြင်မှာ လျှပ်စီးက ရုတ်တရပ်ဆိုသလို လက်လာတယ်။ ခဏကြာတော့ ရာသီဉတုအခြေအနေက မကောင်းတော့ဘဲ လေတွေမိုးတွေ တိုက်လာတယ်။

ယန်ဟွမ် သူမအတွေးထဲမှာ မြောသွားရင်း လက်ထဲက တူကို ချလိုက်တယ်။ သေချာတာတစ်ခုကတော့ သူမ အစားကို အာရုံမစိုက်နိုင်တော့ဘူးဆိုတာပဲ။

" ဟွမ်ဟွမ် နင်ဘာဖြစ်သွားတာလဲ " ရီလင်းကလဲ သူမရဲ့ တူကို ချလိုက်တယ်။ သူမလက်နဲ့ ယန်ဟွမ်ရဲ့ မျက်နှာကို ကိုင်လိုက်ပြီး " နင်ဘာလို့ ဒီလောက်တောင် မအီမသာကြီး ဖြစ်နေရတာလဲ "

" အင်း....... " သူမလက်သည်းလေးကို ကိုက်လိုက်ပြီး " နင် ဗိုက်နာနေလို့လား "

" မဟုတ်ပါဘူး " သူမ လျှောက်တွေးနေတဲ့ ရီလင်းကို ကြည့်လိုက်တယ်။ " စိတ်မပူပါနဲ့ဟ ငါတော်တော်လေးကျန်းမာပါတယ် ဟုတ်ပြီလား။ " ယန်ဟွမ်က ရီလင်းရဲ့ လက်ချောင်းတွေကို ဖယ်လိုက်တယ်။ အပြင်မှာ တိုက်နေတဲ့ လေက ပိုပိုပြီး ပြင်းလာတယ်။ ဒါကြောင့် သူမ မနေနိုင်တော့ဘဲ မတ်တပ်ရပ် တံခါးကို ဖွင့်လိုက်ပြီး အပြင်ကို ပြေးထွက်သွားလိုက်တယ်။

" ဟွမ်ဟွမ်... ဟွမ်ဟွမ်..... နင်ဘယ်သွားမလို့လဲ။ "

ရီလင်းက တံခါးပေါက်ထိ သူမနောက်ကို ပြေးလိုက်သေးတယ်။ ဒါပေမဲ့ ယန်ဟွမ်က မြန်လိုက်တာ အရိပ်တောင်မမြင်ရတော့ဘူး။

" အခုနောက်ပိုင်း သူဘယ်လိုဖြစ်နေတာလဲ မသိတော့ဘူး။ ရူးသွားပြီနဲ့တူတယ် ဒီလောက်မိုးသည်းနေတာကို။ " သူမကိုယ်ကို ပြန်လှည့်လိုက်ပြီး တစ်ကိုယ်လုံးနဲ့ တံခါးကို တောက်တဲ့ လိုမျိုးမှီထားလိုက်တယ်။ " အော်... သူက ကြီးလာပြီဆိုတော့ အရင်တုန်းကလို မလိမ္မာတော့ဘူး စကားနားမထောင်တော့ဘူးပေါ့လေ။ သူကအရင်တုန်းကဆို ငါ့ကို အကုန်ပြောပြတက်တာ။ အခုတော့ ဘာမှကို မပြောပြတော့ဘူး။ သူမတစ်ယောက်ထဲပဲသိတဲ့ လျှို့ဝှက်ချက်လေးတွေရှိနေပြီပေါ့။ "

သူမ အင်္ကျီအစွန်းကို အားနဲ့ကိုက်လိုက်တယ်။ သူမ မျက်ရည်တွေတောင် ထိန်းမထားနိုင်တော့ဘူး။

" အမေယန်ရေ သမီးအမေ့ကို တောင်းပန်ပါတယ်နော်။ ဟွမ်ဟွမ့်ကို ဒီလို မလိမ္မာအောင် လုပ်ခဲ့မိလို့ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now