အပိုင်း(၁၁၂)သူက introvert တစ်ယောက်လေ

4.8K 478 17
                                    

Unicode
" ရှောင်ကျူ ဒါက အန်တီ့ရဲ့သား လုရိလေ။ သူကစုံစမ်းရေးမှူးလေ။ ဒီနှစ်၂၅နှစ်ရှိပြီ။ သူ့ရဲ့အပြင်ပုံစံကသာ နည်းနည်းကြမ်းတမ်းတဲ့ပုံပေါ်တာပါ။ ဒါပေမဲ့ သူက အရမ်းကြင်နာတက်ပြီး စကားလဲများတယ်။ သူက နည်းနည်းလေးပဲ introvert ဆန်တာပါ။ "

လုရိက ဒီအတိုင်းပဲ ထိုင်နေပြီး ယဲ့ရှုယွမ်ပြောနေတာကို ခွန်းတုံ့ပြန်ပြောမနေတော့ဘူး။

အိုးးးး ဆိုတော့ ငါက ကြမ်းတမ်းတဲ့ပုံပေါ်တယ်၊ ငါက စိတ်ထားကောင်းတယ်၊ စကားများတယ်၊ ပြီးတော့ introvert တစ်ယောက်ပေါ့။

တစ်ကယ်ကြီးလား။

သူက ဘာမှပြန်ပြောမနေတော့ဘူး။ သူမပြောချင်တာကိုသာပြောပါစေတော့။ တစ်ကယ်လို့ သူက ပြုံးနေတဲ့ကျားကြီးပါလို့ သူမက ပြောရင်တောင် သူက ဘာမှပြန်မပြောဘဲ အရူးတစ်ယောက်လို ပြုံးပြလိုက်ရုံပဲ။

" အိုးးး ဟုတ်သားပဲ လုရိ ဒါက ဖန်းကျူတဲ့။ သား သူမကို ရှောင်ကျူလို့ ခေါ်ရင်ရတယ်။ သူမက တက္ကသိုလ်ဆရာမတစ်ယောက်လေ။ သူမကလဲ အခု ၂၅နှစ်ပဲ။ "

" မင်္ဂလာပါ " ဖန်းကျူက သူမ နှာခေါင်းပေါ်မှာ ရှိနေတဲ့ မျက် မှန်ရဲ့အနက်ရောင်ဘောင် ကြီးကို အပေါ်ကို ပင့်တင်လိုက်တယ်။ သူမက ဘာမှတွန့်ကျေနေခြင်းမရှိတဲ့ အနက်ရောင် suit ကို ဝတ်ထားတယ်။ ပြီးတော့ ဘာလက်ဝတ်လက်စားမှ ဝတ်မထားဘူး။ သူမက ပုံတုံးကြီးဝတ်ထားတယ်၊ ပြီးတော့ သူမက လိုက်လျောညီထွေအောင်လဲမနေတက်ဘူး။

သူမကြည့်ရတာ........

မယ်သီလရှင်လိုပဲ။

ဒါပေမဲ့ သေချာတာတော့ လုရိကတော့ ဘုန်းကြီးမဟုတ်ဘူး။

" မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် " လုရိကလဲ သူ့အမေ မျက်နှာထောက်ပြီး တစ်ခုခုပြန်ပြောလိုက်တယ်။ သူ့အမေမျက်နှာပျက် မှာစိုးလို့ပေါ့။

ဖန်းကျူက လည်ပင်းကိုမော့လိုက်ပြီး သူ့ကို အာရုံစိုက်ကြည့်နေတယ်။ သူမဘာတွေကိုကြည့်နေတာလဲဆိုတာတော့ သူမသိပေမဲ့ သူမရဲ့မျက်လုံးထဲမှာတော့ သူမကြည့်ရတာ တစ်ခုခုကို တွက်ချက်နေတဲ့ပုံပေါ်နေတယ်။ သူတို့ရဲ့ မိသားစုနောက်ခံအကြောင်းတွေ၊ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်တွေ၊ အနာဂတ်စီမံကိန်းတွေ....အစရှိသဖြင့်ပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now