အပိုင်း(၄၉)တန်းစီတာကို အလှည့်ကျော်ခြင်း

4.9K 626 4
                                    

Unicode
" သူကဘာလို့ ဒီရောက်နေတာလဲ " ရီလင်းက သူမတို့နှစ်ယောက်ပဲ ကြားရလောက်တဲ့ လေသံလေးနဲ့ တစ်တွတ်တွတ်ပြောနေတယ်။ သူမ ပျော်နေတာလေးတောင် ပျက်သွားတယ်။

ယန်ဟွမ်က ရီလင်းကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်တော့မှ သူမပြောတဲ့လူက ဘယ်သူလဲဆိုတာတွေ့လိုက်ရတယ်။ ဝိန်သုန်းနီ လေ။ သူမကို အရင်တစ်ခေါက်တုန်းက ပါးကို နှစ်ဆလောက်ကြီးသွားလောက်တဲ့အထိ ယောင်အောင် ရိုက်ခဲ့တဲ့ မင်းသမီးပဲ။ သူမက ဒီကို ဘာလာလုပ်တာလဲ။

ပြီးတော့မှ သူမ သတိရလိုက်တယ်။ ယန်ဟွမ်က လက်ကို ပိုက်လိုက်ပြီး လက မောင်းကို လက်ချောင်းလေးတွေနဲ့ ပုတ်နေတယ်။ လက်က စန္ဒယား တီးနေသလိုပဲ။ သူမ အရင်ဘဝတုန်းက အကြောင်းတွေကိုပြန်စဉ်းစားလိုက်တယ်။ အရင်ဘဝတုန်းက ဟုန်ယောင်နေရာကို ဝိန်သုန်းနီက သရုပ်ဆောင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ယန်ဟွမ့်အနေနဲ့ပြောရမယ်ဆိုရင် ဝိန်သုန်းနီက ဟုန်ယောင်ရဲ့ တစ်ကယ့်အစစ်အမှန်ပုံစံကို ပုံမဖော်နိုင်ခဲ့ဘူး။
တစ်ကယ့် အရေးကြီးတဲ့ အချက်တွေနဲ့ ပရိသတ်တွေကို မဖမ်းစားနိုင်ခဲ့ဘူး။ အဲ့လိုဆိုပေမဲ့လဲ သူမက ဒီ တီဗွီ ဇာတ်လမ်းတွဲနဲ့ အတော်အသင့် နာမည်ရလာခဲ့တယ်။ ဒီဇာတ်ကားပြီးတော့ ကမ်းလှမ်းမှုတွေတောင် အများကြီးရခဲ့သေးတယ်။

ယန်ဟွမ်ကရော အရင်ဘဝတုန်းက.........

သူမကတော့ ချန်ဝမ်ဒါရဲ့ Return ဆိုတဲ့ ဇာတ်ကားကို ရိုက်နေခဲ့တာလေ။ အဲ့တာကြောင့်မလို့လဲ ထုတ်လုပ်တဲ့အပိုင်းရော၊ သရုပ်ဆောင်တွေအပိုင်းရော၊ ဇာတ်လမ်းဇာတ်ကွက်တွေရော၊ ပရိသတ်ကြည့်ရှုနှုန်းရော ပထမအဆင့် ဖြစ်တဲ့ ဒီ ' Love and Tribulations ' ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတယ်။ အဲ့တာတင်ပဲလားဆိုတော့ မဟုတ်ဘူး။ သူမကဒါရိုက်တာကျင်း ရဲ့ နောက်လာမဲ့ ပရောဂျက်တွေမှာလဲ ထပ်ပြီး ပါဝင်ခွင့်မရှိတော့ဘူး။ ပြီးတော့ သူမရဲ့ တိုတောင်းလှတဲ့ ဘဝမှာ ဟိုလိုဇာတ်ကားတွေရိုက်တဲ့ မင်းသမီး တစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး အရှက်ရခဲ့တယ်။

သူမလက်ချောင်းတွေနဲ့ လက် မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ သူမ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟုန်ယောင် နေရာကို မရရအောင် ယူမယ်လို့ သူမကိုယ်သူမ ကျိန်ဆိုလိုက်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now