အပိုင်း(၁၄၃) အရမ်းအေးတယ်

3.7K 480 5
                                    

Unicode
" ဘယ်လိုလုပ်ကိုယ့်ကိုယ်ကို ဒီလောက်ဆိုးဆိုးဝါးဝါးထိခိုက်မိရတာလဲ " ရီလင်းက ယန်ဟွမ်ပုခုံးပေါ်က အညိုအမဲ တွေကို တွေ့တော့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ဘယ်လိုလုပ်ဒီလောက်ထိတောင် ထိခိုက်သွားရတာလဲ။ " နင်ဆေးရုံသွားပြချင်လား "

" ဒီတိုင်း အညိုအမဲပဲစွဲတာနေမှာပါ။ တစ်ကယ်တော့ အဲ့လောက်လဲ သိပ်လဲမနာပါဘူး။ " ယန်ဟွမ် လက်မောင်း​​မြှောက်ကြည့်လိုက်တယ်။ ဒါပေမဲ့ အရမ်းနာလွန်းလို့ မျက်ခုံးတွေတောင် တွန့်ချိုးသွားရတယ်။

တစ်ကယ်ကြီးနာတာပဲ။ ကံကောင်းတာက အခုက ရှေးဟောင်းရိုးရာဝတ်စုံတွေနဲ့ ရိုက်နေရလို့ပဲ။ မဟုတ်လို့ကတော့ လက်ပြတ်ဝတ်ရမယ်ဆိုရင် မြင်နေရတော့မှာပဲ။

သူမက ဘာမှ မဖြစ်သလိုမျိုးဟန်ဆောင်လိုက်ပြီး ဇာတ်ညွှန်းဆက်ဖတ်နေကာ သူမပြောရမဲ့ စာသားတွေကို ကျက်နေလိုက်တယ်။ သူမ နာလွန်းလို့ ငိုတောင်ငိုမိတော့မှာကို မျက်ရည်မကျအောင် ထိန်းထားနေတယ်။

ညရောက်တော့ ရီလင်းအိပ်နေတုန်း သူမ ရေချိုးခန်းထဲကို ဝင်သွားပြီး အဝတ်တွေကို ချွတ်ကြည့်လိုက်တယ်။ သူမ ပုခုံးကို ကြည့်လိုက်တော့ တော်တော်လေး ဆိုးဆိုးဝါးဝါးကို အညိုအမဲစွဲနေတာကို တွေ့လိုက်ရတယ်။

သူမ အဝတ်တွေကို ပြန်ဝတ်လိုက်ပြီး ရေချိုးခန်းအပြင်ကို ထွက်လာခဲ့တယ်။ ပြီးတော့ ဇာတ်ညွှန်းကို ပြန်ကောက်ယူလိုက်တယ်။ ဘယ်လို ကောင်းကောင်းသရုပ်ဆောင်ရမလဲဆိုတာ သူမ အများကြီး တွေးတောနေခဲ့တယ်။

အမျိုးသမီးတစ်ယောက်က အမဲရောင်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ခါးအထိရှည်တဲ့ အနက်ရောင်ဆံနွယ်တွေကို ချထားတယ်။ သူမနဖူးမှာ အနက်ရောင် ခေါင်းလောင်းပန်းပုံကို ရေးဆွဲထားပြီး ဆွဲဆောင်မှုရှိတဲ့ မိတ်ကပ်ကို လိမ်းခြယ်ထားကာ နှုတ်ခမ်းကို အနီတောက်တောက် ဆိုးထားတယ်။ အဲ့အချိန်မှာ သူမက ရေကန်ထဲကို ခြေဗလာနဲ့ ဆော့နေတယ်။

တစ်ချိန်ထဲမှာပဲ အမျိုးသားတစ်ယောက်ပေါ်လာခဲ့တယ်။ သူမ လှည့်ကြည့်လိုက်တော့ သူက သူမအလှကြောင့် အံ့အားသင့်သွားတယ်။ သူ့မျက်လုံးတွေက သူမဆီကနေ မခွာနိုင်ဘူးဖြစ်နေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now