အပိုင်း(၁၈) အကောင်းဆုံးပဲ

5.7K 742 2
                                    

Unicode
ဥအခွံပေါ်မှာ ပေါ်လာတဲ့ အက်ကွဲကြောင်းက တဖြည်းဖြည်းကြီးလာတယ်။ နောက်ဆုံး အက်ကွဲမှုနှင့်အတူ ဥက အလယ်ကနေ ထက်ခြမ်းကွဲသွားတယ်။ အထဲထဲက သတ္တဝါလေးက........ မျက်လုံးကို တင်းတင်းပိတ်ထားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်နေတယ်။

ကောင်မလေးရဲ့ မျက်တောင်တွေက နဲနဲလေး လှုပ်လာတယ်။ ကြည့်ရတာ ရုတ်တရက်ကြီး လင်းသွားတာကို မခံနိုင်သေးဘူးထင်တယ်။

သူမက လက်တွေခြေထောက်တွေကို လှုပ်ပြီး သန်းလိုက်တယ်။ ပြီးတော့ ပိုပြီး ဆန့်ထုတ်လိုက်တာက သူမရဲ့ သေးသွယ်လှတဲ့ ခါးလေးကို ထုတ်ပြလိုက်သလိုပဲ။ အဲ့ဒါက လှပတဲ့ အိမ်မက်ထဲက ပန်းချီကားတစ်ချပ်လိုပဲ။

အထူးသဖြင့် ဒီကောင်မလေးပေါ့။ သူမရဲ့ နှုတ်ခမ်းကနေပြီး ကျေနပ်တဲ့ သက်ပြင်းချသံ ထွက်လာတယ်။

မှေးမှိန်ညင်သာတယ် ဒါပေမဲ့ ကျေနပ်အားရတယ်။

ဒါရိုက်တာက သူမ လုပ်ချင်တာကို လုပ်ခွင့်ပြုထားလိုက်တယ်။ သူ့ရဲ့ လက်တွေကတော့ 'ကဒ်' လို့ အချက်ပေးဖို့ရာအတွက် လေထဲမှာ အဆင်သင့်မြှောက်ထားတယ်။

သူမက တစ်ကယ်ပဲ အတွေ့အကြုံမရှိသေးတဲ့ မင်းသမီး ဟုတ်ရဲ့လား လို့ သူ့ကိုယ်သူ မယုံနိုင်လောက်အောင် ပြန်မေးမိတယ်။

ဥထဲက ကောင်မလေးက မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လာတယ်။ နေရောင်အောက်မှာ သူမရဲ့ မျက်တောင်လေးတွေက ပုလဲရောင် ဝင်းပနေသလိုပဲ။ သူမ မျက်လုံးကို အကုန်ဖွင့်လိုက်တော့ သူမအရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်တွေက သူမရဲ့ ကြည်လင်နေတဲ့ သူငယ်အိမ်ထဲမှာ ပေါ်လာတယ်။

ကောင်မလေးက သိချင်စိတ်အပြည့်နဲ့ ခေါင်းလေးကို စောင်းလိုက်တယ်။ ပြီးတော့ သူမရဲ့ မျက်လုံးတွေက ချင်းရှောင်ယွီအပေါ် ရောက်သွားတယ်။

ရုတ်တရက် သူမ ဥ အခွံပေါ်ကနေ ထရပ်လိုက်တယ်။ တစ်ခြားသူတွေ ဘာမှမလုပ်နိုင်ခင် သူမက ချင်းရှောင်ယွီရဲ့ လက်ကို ဆွဲလိုက်ပြီး မျက်နှာကို သူမ(ချင်းရှောင်ယွီ)ရဲ့ရင်ဘတ် ထဲမြှုပ်သွားအောင် ဖက်လိုက်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now