အပိုင်း(၁၇၁) အလှည့်စားခံလိုက်ရတယ်

3.4K 478 15
                                    

Unicode
နောက်ဆုံးမှာတော့ တစ်ယောက်ယောက်က ဟုန်ယောင်ရဲ့ အလောင်းကို မြစ်ထဲမှာ ရှာတွေ့ခဲ့တယ်။ အဲ့အချိန်မှာ သူမက သေသွားခဲ့ပြီ။ သူမခန္ဓာကိုယ်ကို ကြင်နာတက်တဲ့သူတစ်ချို့က လာမြုပ်ပေးခဲ့တယ်။ ဒါပေမဲ့ သူမကို ဘယ်သူမှ လာမကြည့်ကြဘူး။

ဒရမ်မာက အဆုံးသတ်ကို ရောက်မလာသေးပေမဲ့လဲ ဟုန်ယောင်က သေသွားခဲ့ပြီ။ ဟုန်ယောင်ရဲ့ ဇာတ်ကောင်က ဝမ်းနည်းမှုတွေနဲပြည့်နှက်နေခဲ့တယ်။ လူတွေက သူမရဲ့ ကံဆိုးမှု ၊ သူမကံကြမ္မာ ၊ ပြီးတော့ သူမရဲ့ သေဆုံးမှု ကို ရင်နာကြရတယ်။ တစ်ခါတစ်လေ လူတွေက ဒီနာကျင်မှုကို မှတ်မိနေကြတယ်။

ယန်ဟွမ် TV ပိတ်လိုက်တယ်။ သူမ ပဲစေ့လေးကို အောက်ချလိုက်ပြီး အိပ်ယာဝင်ခဲ့တယ်။

ဒါပေမဲ့ သူမ မအိပ်ရသေးခင်မှာပဲ ဒါရိုက်တာကျင်းဆီကနေ မက်ဆေ့တစ်ဆောင်ရခဲ့တယ်။ သူက သူ့မှာ ရိုက်မဲ့ ဒရမ်မာအသစ်တစ်ခု ရှိတယ် ၊ အဲ့တာကို သူမနဲ့ အသေးစိတ်ဆွေးနွေးချင်တယ်ဆိုပြီး ပြောထားတယ်။

ဒရမ်မာအသစ်? သူမ လက်ထဲမှာ ဖုန်းကိုကိုင်ထားပြီးနောက်လက်တစ်ဖက်နဲ့ မေးထောက်နေတယ်။ သူမက အခုမှ ရက်အနည်းငယ်လောက်ပဲ နားရသေးတာ။ ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုလုပ် သူမက နောက်ဒရမ်မာ အသစ်ကို ရနိုင်မှာလဲ။ အခုလက်တလောမှာ ဒါရိုက်တာကျင်းမှာ ဒရမ်မာအသစ်မရှိဘူးလို့ပဲ သူမသိထားတာပါ။ သူမအရင်ဘဝတုန်းက သူက ဒရမ်မာအသစ်ကို နောက်နှစ်ဝက်လောက်နေမ စရိုက်ခဲ့တာလေ။ သူမက အလုပ်အပေါ်မှာ အရမ်းစိတ်အားထက်သန်နေလို့များ ဒီဘဝမှာ ပြောင်းလဲမှု အနည်းငယ်ဖြစ်သွားတာများလား။

ဒါရိုက်တာကျင်းက Golden Phoenix Award ကို စောစောရရအောင်လို့များ အချိန်ကို အရှေ့နည်းနည်းတိုးလိုက်တာများလား။

သူမဖုန်းကို ပိတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ကျ သူမသွားပြီး ကြည့်ကြည့်တာပေါ့။

သူမမသိတာက အဲ့အချိန်မှာ ဒါရိုက်တာကျင်းက သူ့ဖုန်းပျောက်လို့ လိုက်ရှာနေတာ အချိန်အကြာကြီး ရှိနေပြီဆိုတာပဲ။ ဒါပေမဲ့ သူရှာမတွေ့ခဲ့ဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now