အပိုင်း(၁၃၅)ဇာတ်ညွှန်းစာသားတွေလိုက်မ​ပြောနိုင်ခြင်း

4.5K 529 10
                                    

Unicode
ယန်ဟွမ်က အသားစားရတာကို သိပ်ပြီးမကြိုက်ဘူး။ သူမက သူမနေ့လည်စာဗူးထဲက အသားတွေကို ရီလင်းထဲ ထည့်ပေးတယ်။ ရီလင်းကလဲ အဲ့တာကို ပျော်ပျော်ရွှင်ရွှင်ပဲလက်ခံတယ်။ အမျိုးသမီး၂ယောက်ဟာ လူနည်းတဲ့နေရာလေးကိုရှာပြီး နေ့လည်စာကို အေးချမ်းစွာစားနေကြတယ်။

ဂူသင်္ချိုင်းထဲမှာ ရိုက် မှာဖြစ်တဲ့ နောက် scene ကို ရိုက်ဖို့ အချိန်ရောက်လာပြီ။

ရိုက်ကူးရေးအဖွဲ့ကတော့ သိမှာတော့မဟုတ်လောက်ပေမဲ့ ဒီအခန်းထဲက မျှော်လင့်တကြီး ပြောတဲ့စာသားတွေဟာဆိုရင် နောက်ပိုင်းမှာ ကြည့်ရှုသူတွေဆီကနေ ချီးကျူးမှုအမြောက်အမြားကို ရရှိမှာပဲဲဖြစ်တယ်။ ရိုက်ကွင်းနေရာက အစိမ်းရောင် screen background ထားဖို့အတွက် ကွင်းပြင်အလွတ်ကြီးမှာ လုပ်ထားတယ်။ post-production ကျရင်တော့ အခုsceneမှာ ရှုပ်ထွေးတဲ့ CGI(computer generated image) effect တွေထပ်ထည့်မှာပေါ့။ ဒါပေမဲ့ အခုတော့ သရုပ်ဆောင်တွေက သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးနဲ့ပဲ သရုပ်ဆောင်ရမှာဖြစ်တယ်။

အစိမ်းရောင်Screen တစ်ခုထဲရှိနေတဲ့ ရိုက်ကွင်းမှာ သရုပ်ဆောင်ရတာက မလွယ်ကူဘူး။ ဒါပေမဲ့ လျန်ချန်က အတွေ့အကြုံရှိတဲ့ မင်းသမီးဆိုတော့ ဘယ်အခြေအနေမဆို ကိုင်တွယ်နိုင်တယ်။ ချီဟောင်လင်ကလဲ မင်းသားတစ်ယောက်အနေနဲ့ စွမ်းရည်တွေအ​ြမန်တိုးတက်နေတယ်။ အဲ့ဒါတင်မကဘူး သူက လျန်ချန်နဲ့ အကြိမ်ပေါင်းများစွာအတူတွဲလုပ်ဖူးတယ်ဆိုတော့ သူတို့၂ယောက်က chemistry အရမ်းကောင်းတယ်။

ယန်ဟွမ်ကလဲ သူမရဲ့ အပိုင်းကိုသိပ်ပြီးစိတ်မပူဘူး။ သူမမှာ စိတ်ကူးယဥ္ထားတဲ့မြင်ကွင်းရှိနေပြီးသား ပြီးတော့ သူမအရင်ဘဝက အတွေ့အကြုံတွေကိုလဲ အသုံးချလို့ရတယ်။

ဒါကြောင့်ပဲ သူတို့၃ယောက်ပါတဲ့ အခန်းတွေက မြန်မြန်ရိုက်လို့ပြီးသွားတယ်။ အကောင်းဆုံးကတော့ ယန်ဟွမ်ရော လျန်ချန်ရောက စတန့်တွေကို ကိုယ်တိုင်လုပ်ကြတယ်။ အဲ့တော့ ရိုက်ကူးရေးအဖွဲ့အတွက် ငွေရော အချိန်ရော ကုန်တာသက်သာသွားတာပေါ့။

ယန်ဟွမ်က ကတဲ့နေရာတွေမှာလဲ သက်တောင့်သက်သာရှိတယ်။ ပြီးတော့ တိုက်ခိုင်တဲ့အခန်းတွေမှာလဲ ကောင်းကောင်းလုပ်နိုင်တယ်။ သူမအမှားလုပ်တယ်ဆိုတာ ရှားတယ်။ သူမက ခြေလှမ်းတိုင်းကို သေချာဂရုတစိုက်နဲ့လှမ်းလေ့ရှိတယ်။ ဒါရိုက်တာကလဲ သူမရဲ့ Performance ကို အရမ်းသဘောကျနေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now