အပိုင်း(၁၉၅) အသက်ကြီးပြီ

2.9K 441 9
                                    

Unicode
" ငါ့ကို နှစ်သိမ့်နေဖို့ မလိုပါဘူး။ ငါက အဲ့ဒီ့မိန်းမငယ်လေးနဲ့ မယှဥ်နိုင်တော့ပါဘူး။ " ဘုရင်မကြီးက လက်ကိုအောက်ကိုချလိုက်ပြီး ရေနွေးကြမ်းခွက်ကို ယူလိုက်တယ်။ သူမမျက်လုံးထဲမဗာ သူမတစ်ချိန်တုန်းက ပျော်ရွှင်ခဲ့ဖူးတဲ့ ဂုဏ်ကျက်သရေတွေကို မြင်နေရတယ်။ ဒါပေမဲ့ အခုကျတော့ ကျန်ခဲ့တာဆိုလို့ အထိတ်ထလန့်ဖြစ်မှုနဲ့ နောင်တတွေပဲ ရှိတော့တယ်။ သူမက သူမအသက်ကို အထိတ်တလန့်ဖြစ်နေပြီး သူမရဲ့ငယ်ရွယ်နုပျိုမှုကို နောင်တရတယ်။

သူမက အဲ့လိုပဲ ထိုင်နေခဲ့တယ်။ တစ်စက်ကလေးမှ မလှုပ်ပဲနဲ့ပေါ့။ သူမက ကိုင်ထားတဲ့ခွက်ထဲက ရေနွေးတွေကို ကုန်အောင်ဆက်သောက်နေခဲ့တယ်။ တစ်ခါတစ်ခါ အလင်းရောင်တစ်ချို့က သူမမျက်နှာပေါ် ကျရောက်လာတယ်။ သူမအသက်က မျက်နှာမှာတင်ပြနေတာ မဟုတ်ဘူး။ သူမမျက်လုံးတွေထဲမှာလဲ ပေါ်နေတယ်။

" ကဒ်! " ဒါရိုက်တာကျန်းကအော်လိုက်ပြီး ယန်ဟွမ့်ကို လက်မထောင်ပြလိုက်တယ်။

သူမ မျက်နှာအမူအရာတွေက အသက်ပဲ။ ပြီးတော့ မှန်ကန်တဲ့ ခံစားချက်ကိုလဲပေးစွမ်းနေတယ်။ သူမက ရင်သက်ရှုမောစရာကောင်းတယ်။ သူမက အကြီးအကျယ်ဒေါသထွက်ပြနေတာမဟုတ်ပေမဲ့လို့ တိတ်ဆိတ်နေတဲ့ ဒေါသက သူမဘေးမှာရှိတဲ့လူတွေကို ဖိအားအလွယ်တကူ ခံစားရစေနိုင်တယ်။

ယန်ဟွမ်က ဘုရင်မကြီးနေရာကို ကောင်းကောင်းသရုပ်မဆောင်နိုင်မှာ သူက စိုးရိမ်နေခဲ့တာ။ အဲ့တာကြောင့်မလို့လဲ မိတ်ကပ်ပြင်တဲ့သူတွေကို ပိုပြီး အားထည့်စိုက်ပေးဖို့ အကူအညီတောင်းခဲ့တာလေ။ ဒါပေမဲ့ သူမသရုပ်ဆောင်တာက ဒီလောက်ကောင်းနေလိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့ဘူး။

သူမက သရုပ်ဆောင်နေတာနဲ့ တစ်ပုံစံထဲတူတယ်။ သူမက ဘယ်ဟာကိုပဲ သရုပ်ဆောင်ဆောင် သူမက အဲ့တာနဲ့ တစ်သားထဲဖြစ်သွားတယ်။

ယန်ဟွမ်က ပြုံးလိုက်တယ်။ အဲ့အခိုက်အတန့်မှာ သူမက ယန်ဟွမ်မဟုတ်တော့ဘူး။ သူမက အသက်၂၀အရွယ်ကောင်မလေး မဟုတ်တော့ဘူး။ သူမက ဘုရင်မကြီး။ အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ ဘုရင်မကြီးတစ်ပါးလေ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now