အပိုင်း(၁၅၀)အခုထိ သေးနေတုန်းပဲ

4K 527 16
                                    

Unicode
ပဲစေ့လေးက သူမ သခင်တွေကို ဝမ်းနည်းနေတဲ့ မျက်လုံးကြီးကြီးလေးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ ဒီမြင်ကွင်းက ဘယ်သူ့ကိုမဆို အရည်ပျော်သွားအောင် လုပ်နိုင်တဲ့ မြင်ကွင်းပဲဖြစ်တယ်။ ရီလင်းက ဒါကိုလဲမြင်လိုက်ရော သူမက ပဲစေ့လေးကို ဓာတ်ပုံတစ်ချို့ရိုက်လိုက်ပြီး ယန့်ဟွမ့် weibo ပေါ်မှာ ချက်ချင်းတင်လိုက်တယ်။

သူမက မတင်ခင်မှာ ဓာတ်ပုံတွေကို edit လုပ်လိုက်သေးတယ်။ သူမက ပဲစေ့လေးရဲ့ ခေါင်းသေးသေးလေးပေါ်မှာ ဖဲပွင့်လေးတစ်ခု တပ်ပေးလိုက်တယ်။ ပြီးတော့ speech bubble လေးထဲမှာ💬 " မေမေက အရမ်း ပင်ပန်းနေလို့ မြောင့်ကိုတောင် ဂရုမစိုက်နိုင်တော့ဘူး " လို့ ရေးလိုက်တယ်။

အဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ဓာတ်ပုံတွေကို မြင်လိုက်တဲ့လူတိုင်း ချစ်တဲ့စိတ်တွေအရမ်းများလာလို့ သေတောင်သေသွားနိုင်တယ်။

ယန်ဟွမ်ကတော့ နောက်တစ်နေ့မနက်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။ သူမက မနက်လင်းလင်းချင်း နိုးလာခဲ့တယ်။ သူမတက်ကြွနေတယ်။ ပြီးတော့ သူမကိုယ်သူမ ပဝါ၊ ဦးထုပ်၊ ပါဝါမပါတဲ့ မျက်မှန်တွေနဲ့ နောက်တစ်ခါ ထပ်ပြီး ရုပ်ဖျက်လိုက်တယ်။ ပြီးတော့မှ အပြင်ထွက်လာခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာဆိုတာက ရှိနေတော့လဲ သူမဓာတ်လှေကားနဲ့ အောက်ဆင်းလာတော့ အလုပ်သွားတော့မဲ့ လုရိနဲ့ တွေ့ခဲ့တယ်။

သူက ယူနီဖောင်းကို စမတ်ကျကျ ဝတ်ဆင်ထားတယ်။ သူက စစ်သားတစ်ယောက်လိုမျိုး ရပ်နေတယ်။ သူနဲ့ပတ်သက်တဲ့အရာအားလုံး သူ့မျက်နှာအသွင်အပြင်တွေကတောင် ကြမ်းတမ်းပြီး လေးထောင့်ပုံပေါ်တယ်။ သူက မပြုံးဘူး။ သူ့မျက်နှာက သူ့အကျင့်စရိုက်လိုပဲ လုံးဝကြီး အေးစက်နေတယ်။

သူက ခဲနေတဲ့ အုတ်ခဲလိုပဲ။ သူ့ကို ဝင်တိုက်မိတဲ့ ဘယ်သူမဆို ဦးခေါင်းတွေ ကွဲကုန်မှာ ကြောက်ရတယ်။

ယန်ဟွမ်က သူ့ကို ရှောင်ဖို့ ဓာတ်လှေကားရဲ့ ထောင့်ဘက်ကို လှည့်လိုက်တယ်။

ဒါပေမဲ့ လုရိက ဓာတ်လှေကားထဲကို ဝင်ဝင်ချင်းမှာပဲ သူမ ရုပ်ဖျက်ထားတာကို မြင်ပြီး သူမကို မှတ်မိသွားတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now