အပိုင်း(၁၈၆) ကုန်အောင်စားသွားတယ်

3.2K 460 21
                                    

Unicode
" အဲ့တာက အရသာရှိလား " ယန်ဟွမ် ဇွန်းအပြည့်နဲ့ တစ်လုတ်စားလိုက်တော့ သူမက မေးလိုက်တယ်။

" နင်ခုနလေးကမှ ဒါကို စားထားတာ မဟုတ်ဘူးလား။ "

ယန်ဟွမ်က တစ်ခုစားလိုက်တော့ ရီလင်းက သနားစရာကောင်းတဲ့ အကြည့်လေးနဲ့ သရေတွေကျနေသေးတာကို မြင်လိုက်ရတယ်။

" ထားလိုက်တော့ ထားလိုက်တော့ "

သူမက သူမပန်းကန်လုံးကို အရှေ့ကို တိုးပေးလိုက်တယ်။ " နင်ပဲစားလိုက်တော့ "

" နင်ကရော? " ရီလင်းက ပန်းကန်လုံးကိုယူလိုက်ပြီး စစားတော့တယ်။

" ငါလား? " ယန်ဟွမ်က ဘာမှမလုပ်နိုင်တော့ဘူး။ " ငါဒီတိုင်း ရေပဲ သောက်လိုက်တော့မယ်။ "

တစ်ချိန်ထဲမှာပဲ လုရိအိမ်မှာ ဖန်းကျူက စားပွဲပေါ်က ပန်းကန်လုံးကို တွေ့သွားတော့ သူမက အဲ့ကို လျှောက်လာပြီး ထိုင်လိုက်တယ်။

" ရှင်ဝယ်ထားတာလား " သူမက တူကိုကောက်ကိုင်လိုက်ပြီး တစ်ခုစားလိုက်တယ်။ ဒါပေမဲ့ အရသာရှိတာကြောင့် သူမက ဆက်စားလိုက်တယ်။

လုရိက ဘေးမှာရပ်ပြီး သူမစားနေတာကို ဘာစကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေခဲ့တယ်။

ခဏကြာတော့ ဖန်းကျူက ပန်းကန်လုံးထဲက ဖက်ထုပ်တွေအကုန်လုံးကို စားပစ်လိုက်တယ်။ ပြီးတော့မှ အခုထိလုရိက မစားရသေးဘူးဆိုတာကို သူမ သတိထားမိသွားတယ်။

" ကျွန်မတောင်းပန်ပါတယ် " သူမက တစ်ရှူးနဲ့ ပါးစပ်ကိုသုတ်လိုက်တယ်။ " ရှင်နောက်တစ်ပွဲလောက် ထပ်မှာချင်သေးလား။ "

" မလိုဘူး။ ရတယ်။ " လုရိက ကော်ဖီဖျော်စက်ဘက်ကို လျှောက်သွားလိုက်ပြီး ရေတစ်ခွက်ပဲ ငဲှ့လိုက်တယ်။

" ရှင် မစားတော့ဘူးလား " ဖန်းကျူက နေရာမှာ ထိုင်နေတုန်းပဲ။ ဖင်ကို တစ်ချက်ကလေးတောင် ရွေ့မလာခဲ့ဘူး။

" အင်း " လုရိက ခြောက်ကပ်ကပ်နဲ့ ပြောလိုက်တယ်။ သူ ဘာမှမလုပ်နိုင်ဘူးလေ။ " ဒီတိုင်း ရေပဲ သောက်လိုက်တော့မယ်။ "

ပုစွန်ဖက်ထုပ်အနံ့က လေထဲမှာ အများကြီးပျံ့နေတယ်။ အဲ့တာက သူ့ကိုဗိုက်ဆာစေတယ်။ သူစားလို့မရတာတော့ နှမြောစရာပဲ။ နောက်တစ်ခုမှာရမယ်?? ဘယ်ကနေမှာရမှာလဲ?? ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ အရာတွေအများကြီးပဲရှိတယ်။ တစ်ကယ်လို့ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဘယ်သူကမှ ရောင်းပေးမှာ မဟုတ်ဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now