အပိုင်း(၄၄) ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေး

5.4K 620 3
                                    

Unicode
" ဟက်ချိုး " သူမနှာချေလိုက်တယ်။ နှာခေါင်းတွေယားနေတာပဲ။ သူမ အအေးမိသွားမှာကြောက်တယ်။

သူမ ရေချိုးခန်းထဲကထွက်လာပြီးတော့ အဖျားပျောက်ဆေးလေးကိုရှာပြီး ရေနွေးလေးနဲ့ သောက်လိုက်တယ်။ သူမ ရေခွက်လေးကို ကိုင်ထားရင် ဆုတောင်းနေမိတယ်။ အအေးမိတာ သိပ်မဆိုးပါစေနဲ့၊ ဒီဆေးသောက်လိုက်ပြီးရင် ပျောက်ပါစေလို့ပေါ့။

ဧည့်ခန်းထဲမှာတော့ ရီလင်းက ကြောင်ပေါက်လေးကို သန့်ရှင်းရေးလုပ်ပြီးလို့ သူ့အတွက် နေစရာတောင်ပြင်ပေးပြီးသွားပြီ။ သူမ နွားနို့လေးကျွေးတော့ အဲ့ကြောင်လေးက ဖြေးဖြေးချင်းလျက်နေတယ်။ ပြီးတော့ ယန်ဟွမ်ကို မြင်တော့ ​'မြောင်' ဆိုပြီး အသံပေးလိုက်တယ်။

" ဟွမ်ဟွမ် ကြည့် ပဲစေ့လေးက မလိမ္မာဘူးလား " ရီလင်းက ကြောင်ပေါက်လေးရဲ့ ​ခေါင်းကို တို့လိုက်ပြီး နာမည်ပေးလိုက်တယ်။

" ပဲစေ့လေး! " ယန်ဟွမ်က နာမည်ကို စိတ်ထဲမထားပါဘူး။ တအားကြီးလဲ ကောင်းတာလဲ မဟုတ်ဘူး ဆိုးနေတာလဲ မဟုတ်ဘူးလေ။ ဒါပေမဲ့ ရီလင်း ပေးတက်တဲ့ နာမည်တွေအရဆိုရင် ဒါလေးကတော့ မဆိုးပါဘူး။ ဘာလို့ဆို သူမ ခွေးလေးလို့တော့ မမှည့်ဘူးလေ။ ကြောင်ကြီးမှန်းသိသာနေတာကိုး။

" အင်း ပဲစေ့လေး မဆိုးဘူးမလား ဟင် ပဲစေ့လေးရေ... " ရီလင်းက ကြောင်ရဲ့အမြီးကိုဆော့လိုက်တယ်။ " ကြည့်ဦးလေ သူက ပဲစေ့လေးကျနေတာပဲ သေးသေးလေးကို။ ပဲစေ့လေးဆိုတဲ့ နာမည်လေးက အမှတ်တရဖြစ်ပါတယ်ဟ။ "

" ဒါပေမဲ့ ပဲစေ့လေးကြည့်ရတာ အဆင်မပြေသလိုပဲ။ သူအသက်ရှင်မှာပါနော်.... "

ယန်ဟွမ် နောက်ထပ်ရေတစ်ခွက် ထပ်သောက်လိုက်တယ်။ ဒီကြောင်လေးကို အသက်ရှင်အောင် ဘယ်လိုထားရမလဲ ဆိုတာ သူမတို့ တစ်ကယ်မသိဘူး။ ဒါပေမဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ။

နောက်တစ်နေ့မနက် နိုးလာတော့ ယန်ဟွမ်က ဧည့်ခန်းထဲက ပဲစေ့လေးကို အရင်သွားကြည့်တယ်။ အဲ့​ကောင်သေးသေးလေးက ငြိမ်ငြိမ်လေးအိပ်နေတုန်းပဲ။ သူ့ရဲ့ ​နှာခေါင်းလေးရော ခြေဖဝါးလေးတွေရောက အပန်းရောင်လေး။ သူမ အဲ့ဒီ့ အပန်းရောင်သန်းပြီး နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ခြေဖဝါးလေးကို ကိုင်လိုက်တယ်။ ခြေသည်းလေးတွေက အခုထိ မချွန်သေးဘူးဆိုတော့ သူမကို နာအောင်မလုပ်နိုင်ပါဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now