အပိုင်း(၄၂) တစ်ကယ်တော့ သူတို့က သူစိမ်းတွေပဲလေ

5.2K 720 8
                                    

Unicode
သူမ မိုးခိုဖို့ရာအတွက် ကုန်တိုက်တစ်ခုရှေ့မှာ သွားရပ်လိုက်တယ်။ အခုအချိန်မှာ လမ်းလျှောက်သွားတဲ့ လမ်းသွားလမ်းလာအများစုကလဲ ဒီမှာ မိုးခိုနေကြတာပဲ။ ယန်ဟွမ်က အစွန်လေးမှာ ဆိုတော့ မိုးက သူမပေါ်ကို တစ်ချက်တစ်ချက် လေတိုက်ရင် ရောက်ရောက်လာတယ်။ သူမတစ်ကိုယ်လုံးက စိုရွှဲနေပြီ။ သူမရဲ့ ဆံပင်တွေကလဲ လည်ပင်းပေါ်ကို အချောင်းလိုက် ကပ်နေတယ်။ မိုးရေတွေကလဲ ဆံပင်ကနေတစ်ဆင့် မြေပြင်ပေါ်ကိုစီးကျလာတယ်။

မီးခိုးရောင်ပြောင်းနေတဲ့ ကောင်းကင်အောက် မှာ ကားတွေက သွားလာနေကြတယ်။ မိုးခိုနေတဲ့ လမ်းသွားလမ်းလာတွေကလဲ ဘဝဖိအားတွေကြောင့် မိုးတိတ်တဲ့အချိန်ထိမစောင့်နိုင်တော့ဘဲ သွားကုန်ကြတယ်။

သူမ ငြိမ်ငြိမ်လေး ရပ်နေခဲ့တယ်။ တစ်ချို့လူတွေ ပြန်ကုန်ကြတယ်။ သူတို့ မိုးတိတ်တဲ့အထိမစောင့်ကြတော့ဘဲ တက်စီတွေငှားသွားကြတယ်။ တစ်ချို့ကျတော့လဲ ဆွေမျိုး သူငယ်ချင်းတွေက လာခေါ်သွားကြတယ်။

ယန်ဟွမ်ခေါင်းငုံ့ပြီး သူမ အဝတ်အစားကို ပြန်ကြည့်လိုက်တယ်။ စိုရွှဲနေတာပဲ။ သူမကို ဘယ် ကားသမားကမှ တင်ခေါ်သွားချင်မှာ မဟုတ်ဘူး။ အကယ်၍ တင်ခေါ်သွားပေးမဲ့ သူရှိလဲ သူမက သူတို့ခုံကို ရေစိုအောင်လုပ်မိမှာစိုးလို့ မလိုက်ပါဘူး။

သူမအပေါ်ကျနေတဲ့ မိုးက စဲသွားသလို ခံစားလိုက်ရတယ်။ အဲ့တာကြောင့် သူမ အပေါ်ကို မော့ကြည့်လိုက်တော့ ဘယ်ကနေ ကျလာမှန်းမသိတဲ့ မိုးစက်က သူမ မျက်တောင်ပေါ်ကို ကျလာတယ်။ သူမ မျက်တောင်ခတ်လိုက်ပြီး သေချာပြန်ကြည့်တော့ သူမ အပေါ်မှာ ထီးတစ်ချောင်းမိုးပေးထားတာကို တွေ့လိုက်ရတယ်။ ထီးကိုင်ထားတဲ့သူက အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်ပဲ။ လေကာအပေါ်အင်္ကျီအမည်းရောင်နဲ့ သရေရှူးဖိနပ် အမည်းရောင် ဝတ်ဆင်ထားတယ်။ အဲ့ဒီ့အမျိုးသားက တစ်ကိုယ်လုံးကို အမည်းရောင်တွေချည်း ဝတ်ထားတာပဲ။ ပြေပြစ်တဲ့မေးရိုးနဲ့ နှုတ်ခမ်းပါးပါးလေးတွေက သူ့ကို အကြင်နာမဲ့တယ်လို့ ထင်ရစေတယ်။

သူမ အမြန် ခေါင်းကို ငုံ့လိုက်တယ်။ မိုးစက်တွေက ဆံပင်ပေါ်ကနေ လည်ပင်းပေါ်ကျနေတာ သိပေမဲ့လို့ ဒီတိုင်းထားလိုက်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now