အပိုင်း(၇၇) ငါမင်းကို ဓားနဲ့ထိုးပေးရမလား

5.3K 619 4
                                    

Unicode
ယန်ဟွမ် အရှေ့ကို တစ်လှမ်းလှမ်းလိုက်တယ်။ ဒါပေမဲ့ သူမဘက်ကို အမျိုးသားနှစ်ယောက် လမ်းလျှောက်လာတာကိုတွေ့လိုက်တော့ ထောင့်နားလေးကို အမြန်ပြေးပုန်းလိုက်တယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က အသံကျယ်ကျယ်နဲ့ နဲနဲ ဆိုးတဲ့ပုံစံရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး သူ့ဆံပင်က ဖြူကောင်လိုပဲ ထောင်နေတယ်။ နောက်တစ်ယောက်ကကျတော့ ထုံပေပေနေတက်တဲ့ပုံစံရှိပြီး စကားနည်းတဲ့ ပုံဖြစ်တယ်။ နှုတ်နည်းတဲ့လူက အေးစက် စိမ်းကားပြီး အဓိပ္ပာယ်မရှိတဲ့ စကားမပြောတက်ဘူး။ သူ့ကိုကြည့်ရတာ သူနဲ့အတူ ကိုယ်ပိုင်နှင်းမုန်တိုင်းတစ်ခုပါ ခေါ်လာသလားလို့ ထင်ရလောက်အောင်အထိ အေးစက်တယ်။

ရုတ်တရက် အဲ့ဒီ့ အေးစက်တဲ့ ရေခဲလူသားက သွားနေတာကို ရပ်လိုက်တယ်။

" ဘာဖြစ်တာလဲ။ စုံစမ်းရေးမှူးကြီးလု ရဲ့။ ဘာလဲ မင်းရဲ့ ဆေးရုံအခန်းလေးကို အခုထဲက လွမ်းနေပြီလား။ ငါအမြဲမင်းကို ဓားနဲ့ ထိုးပေးပြီး ဆေးရုံပြန်တင်ပေးလို့ ရပါတယ်ကွာ မင်းကလဲ။ " လိန့်ချင်းရိက လက်ပိုက်လိုက်ပြီး မျက်နှာကလဲ စပ်ဖြဲဖြဲနဲ့ လုရိကို အသေအလဲကို ဟာသလုပ်နေတယ်။ လုရိဆေးရုံတက်လိုက်ရပါတယ်ဆိုတဲ့ နေ့ကထဲကိုက သူက လုရိကို စနေတာမပြီးတော့ဘူး။ လုရိ ခွဲစိတ်ခန်းထဲမှာ သေမလိုဖြစ်ခဲ့တဲ့ နေ့ကထဲကလေ။ သူလုရိကို မစရဘဲမနေနိုင်ဘူး။ သူတို့ စစ်တပ်မှာ အတူတူရှိနေကြကထဲက လုရိရဲ့ အရည်အချင်းတွေကို သူသိနေတာပဲ။ ပြီးတော့ အရာအားလုံးထဲမှာမှ လုရိက ဓားလေးနဲ့ အထိုးခံရပြီး သေမလိုဖြစ်ရတာဆိုတာကတော့ တအားကို ဟာသဆန်လွန်းတယ်လေ။ အဲ့တာကြောင့် သူလုရိကို လုံးဝအလွတ်မပေးနိုင်ပါဘူး။

လုရိက အခု ယန်ဟွမ်ရှိတဲ့ နေရာကို ကြည့်နေတယ်။ ဒါပေမဲ့သူမက သူမကိုယ်သူမ နံရံနဲ့ အသေကပ်ထားတာဆိုတော့ မမြင်ရဘူး။ သူမရဲ့ လက်ဖဝါးမှာလဲ စိတ်လှုပ်ရှားလွန်းလို့ချွေးတွေနဲ့ စေးကပ်နေတယ်။

" လာပါကွာ သွားရအောင် " လိန့်ချင်းရိက သူ့ရဲ့ ထောင်နေတဲ့ ဆံပင်ကို သပ်လိုက်တယ်။ သူက သူ့ရဲ့ ဆံပင်ကို အရမ်းဂုဏ်ယူတယ်။ သူ့ရဲ့ အမြင်မှာတော့ အဲ့ဒါက အရမ်းကို စတိုင်ကျတယ်လေ။ သူက ဆံပင်နဲ့ ဆိုင်တဲ့ ဘာproduct မှလိမ်းစရာမလိုဘူး။ သူ့ရဲ့ ဆံပင်တစ်ချောင်းချင်းစီကိုတာက သူ့ဘာသာသူ ထောင်နေတာ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now