အပိုင်း(၁၁၅)မိဘမဲ့ ကောင်မလေး

4.7K 530 31
                                    

Unicode
လုရိက ခြေထောက်ကို ချိတ်ထိုင်လိုက်ပြီး အေးအေးဆေးဆေးပဲ ခွက်လေးကို မလိုက်ပြီး တစ်ငုံသောက်လိုက်တယ်။ " ဘာလဲ။ မင်းလဲ စမ်းသောက်ကြည့်ချင်လို့လား။ "

ဖန်းကျူက လုအိမ်တော်ကို လာလည်တဲ့အချိန်တိုင်း အမြဲတမ်းရေတစ်ခွက်ပဲ တောင်းတာလေ။ လုရိကလဲ အဲ့တော့ အဲ့တာကပဲဘသူမအကြိုက်ဆုံး ဟာလို့ မှတ်ယူထားတာပေါ့။

" ရှင် အဲ့တာကို ဘယ်လိုတောင်သောက်နိုင်ရတာလဲ။ " ဖန်းကျူရဲ့ အသံထဲမှာ မနှစ်မြို့တဲ့ အရိပ်အယောင်တွေပါနေတယ်။ " ဘာကိုမှ ကောင်းကောင်းကန်းကန်းမသိသေးတဲ့ ကလေးမလေးတွေသာ ဒီလိုဟာမျိုးကိုသောက်ကြတာလေ။ ဒါတွေအကုန်လုံးက စွဲစေနိုင်တယ်ရှင့် ရှင်သိရဲ့လား။ "

လုရိက ခွက်ကို သူ့နှုတ်ခမ်းနားကို ထပ်ပြီး မြှောက်လိုက်တယ်။ ဒါပေမဲ့ ဖန်းကျူက သူ့ကို lecture တွေ တရစပ်ပေးနေပြီး သူ့ကို စူးစူးရဲရဲကြီးစိုက်ကြည့်နေတဲ့ အခြေအနေမှာတော့ သူဘယ်လိုမှ တစ်ငုံထပ်မသောက်နိုင်ခဲ့ဘူး။

သူက ခွက်ကိုချလိုက်တယ်။ ဖန်းကျူရဲ့ မျက်နှာပေါ်က ဘီလူးမကြီးလို မပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေလဲ ပျောက်သွားတယ်။

" လုရိ ရှင် အဲ့လိုဟာတွေကို သောက်တာ ဖြတ်သင့်တယ်။ အနာဂတ်မှာ ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာတွေ နောက်ထပ် မရှိစေရဘူး။ "

လုရိက ခွက်လေးကို သူ့လက်ချောင်းတွေနဲ့ အသာသပ်လိုက်တယ်။ သူရုတ်တရက် ခံစားလိုက်ရတာက သူကိုယ့်သူ အာဟာရပညာရှင်တစ်ယောက် ငှားလိုက် မိသလိုပဲ။

သူတို့ ၂ယောက်လုံး ထပ်ပြီး တိတ်ဆိတ်သွားကြပြန်တယ်။ ဒါပေမဲ့ အဲ့တာက အနေခက်တယ်လို့ လုံးဝမခံစားရပါဘူး။ ဘာလို့လဲဆိုတော့ ဖန်းကျူက သူမနဲ့အတူ textbook တွေယူလာပြီး အခုလဲ သူမရဲ့ စာသင်ချိန် အချိန်ဇယားကိုအကြမ်းဆွဲနေတယ်လေ။ တစ်ခြားတစ်ဖက် မှာလဲ လုရိက ဖန်းကျူကိုဒီမှာမရှိ သလိုပဲ နေလိုက်ပြီး သူ့အလုပ်သူလုပ်နေတယ်။

ပြီးတော့ သိပ်မကြာလိုက်ဘူး။ လုရိက မတ်တပ်ရပ်လိုက်တယ်။

" ငါမင်းကို အခု အိမ်ပြန်ပို့ပေးမယ်။ "

ဖန်းကျူက အဲ့တာကိုတော့ နည်းနည်းမမျှော်လင့်ထားဘူး။ ဒါပေမဲ့ သူမ ထလိုက်ပြီး သူမအင်္ကျီက ​တွန့်ကြေနေတဲ့အရာလေးတွေကို လိုက်ပြီး သပ်နေတယ်။ သူမထင်တာက ဟိုလိုကိစ္စတွေက အနှေးနဲ့အမြန် ဖြစ်လာတော့မယ်လို့လေ။ သူမတို့၂ယောက်က အရွယ်ရောက်နေကြပြီလေ။ ပြီးတော့ အခု သူမတို့က တရားဝင်တွဲနေကြပြီဆိုတော့.....

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now