အပိုင်း(၁၁၃)သူမက ဘာအတွက်ငိုနေရတာလဲ

4.6K 515 15
                                    

Unicode
အဲ့ဒါက ဘာကိုဆိုလိုတာလဲ။

ယဲ့ရှုယွမ်ကတော့ သူပြောတဲ့အဓိပ္ပာယ်ကို
" သူမက အဆင်ပြေတယ် " ဆိုပြီး မှတ်ယူလိုက်တယ်။

" တစ်ကယ်လို့ သားသူမကိုကြိုက်ရင် သားသူမနဲ့ အချိန်များများဖြုန်းပေးသင့်တယ်။ ပြီးရင် ဒီနှစ်မကုန်ခင် လက်ထပ်ဖြစ်အောင် ကြိုစားတော့လေ။ "

" ကျွန်တော်...... " လုရိက တစ်ခုခုကို ပြောမလို့ပဲ ဒါပေမဲ့ နောက်ဆုံး စက္ကန့်မှာပဲ အဲ့တာကိုမပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့အစား သူက မေးလိုက်တယ်။ " အမေ ဖန်းကျူကို သဘောကျတာလား။ "

" သဘောကျတာပေါ့ " ယဲ့ရှုယွမ်က ခေါင်းငြိမ့်လိုက်တယ်။ " ရှောင်ကျူက မိန်းမကောင်းလေးပါ။ သူမက ပြိုင်ဆိုင်တက်တဲ့စိတ်ကြီးတယ်ဆိုပေမဲ့ အမေကတော့ အဲ့တာက ဟိုလို စိတ်ယုတ်မာပြီး အခွင့်အရေးယူတက်တဲ့မိန်းမတွေထက်တော့ ပိုကောင်းတယ်လို့တွေးတယ်။ သူမက တစ်ကယ့်ကို ဇနီးကောင်းတစ်ယောက်ဖြစ်လာမှာပါ။ " ယဲ့ရှုယွမ်က ခဏရပ်လိုက်တယ်။ ပြီးတော့ သူမမျက်လုံးတွေကို မှေးကျဥ္းလိုက်ပြီး ထပ်ပြောလိုက်တယ်။ " အမေ မင်းကို သတိပေးထားမယ်နော်။ မင်း ဟိုလို ကိုယ်ကျင့်တရားမရှိတဲ့ မိန်းမမျိုးတွေကို အိမ်ခေါ်လာရဲခေါ်လာကြည့်။ လုချင်းကိုပဲ ကြည့်။ မော်ဒယ်တွေ ဆယ်လီတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ တွဲချင်တိုင်းတွဲနေလိုက်တာ။ အဲ့လိုမိန်းမမျိုးတွေက ဘယ်တော့မှ ဇနီးကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ မင်းအဲ့လို မိန်းမမျိုးနဲ့ တွဲမယ်ဆိုရင်တော့.. " ယဲ့ရှုယွမ်ရဲ့ မျက်နှာအမူအရာက မဲမှောင်လာတယ်။ " အမေမင်းကို အမွေဖြတ်စွန့်လွှတ်ရလိမ့်မယ်။ နားလည်တယ်နော်။ "

လုရိက ပြန်မဖြေဘူး။ သူက အခန်းတံခါးကို ဖွင့်မလို့ အနောက်ကိုလှည့်လိုက်တယ်။ ရုတ်တရက် သူ့အမေရဲ့ ကျယ်လောင်တဲ့အော်သံကိုကြားလိုက်ရတယ်။

" အိုးးးး ငါ ဘယ်လိုလုပ် အဲ့တာကို ကြည့်ဖို့ မေ့သွားရတာလဲ။ ဒီနေ့ ငါ့ရဲ့ ချစ်ချစ်ယန်ဟွမ်လေးက ပုံအသစ်လေးတွေ တင်သလားဆိုတာ ကြည့်ရဦးမှာကို။ "

လုရိရဲ့ လက်ချောင်းတွေက တံခါးဘုမှာပဲ ရှိနေသေးတယ်။ ခဏလောက်ကြာတော့ သူက ဘာမှမဖြစ်သလိုပဲ တံခါးကိုဖွင့်ပြီး အခန်းထဲကို ဝင်သွားလိုက်တယ်။ သူ့ရဲ့ နေ့စဥ္ လုပ်နေကျ အလုပ်တွေကိုပဲ လုပ်လိုက်တယ်။ ရေချိုးပြီးတော့ အိပ်ရာဝင်ဖို့ အသင့်ပြင်လိုက်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now