အပိုင်း(၁၄၉) သူမကို ကြိုက်တဲ့သူတစ်ယောက်ရှိတယ်

4.1K 510 4
                                    

Unicode
ကောင်မလေးတွေက ဆက်ပြီး ဆွေးနွေးနေကြတယ်။

" ငါက ယန်ပေါရွှမ်ကို ကြိုက်တယ်။ သူက အရမ်းချောတာပဲ။ "

တစ်ကယ်လို့ သူတို့ idol တွေသာ သူတို့ ပြောနေတာတွေကို ကြားတယ်ဆိုရင် သူတို့ရဲ့ တုံးတိအကဲဖြတ်မှုကြောင့် စိတ်ထိခိုက်ရင် ထိခိုက်သွားကြတော့မှာပဲ။

" ငါကတော့ လျန်ချန့်ကို ကြိုက်တယ်။ သူမက ရုပ်ရှင်ဘုရင်မ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်။ သူမက အခု ၃၂နှစ်ရှိနေတာတောင် အသက်၁၆နှစ် ကောင်မလေး ကာရိုက်တာကို ကောင်းကောင်းသရုပ်ဆောင်ပြသွားတာလေ။ "

" ငါကတော့ စစ်နန်ချုံကို သဘောကျတယ်။ ငါ သူပြုံးတာကို ချစ်တယ်။ သူက ငါ့ယောကျာ်းနော်။ နင်တို့တွေ တစ်ယောက်မှ ငါ့ဆီကနေ သူ့ကို လုယူဖို့ မစဥ်းစားနဲ့နော်။ "

ယန်ဟွမ်က နည်းနည်းလောက် စွန့်ပစ်ခံထားရတယ်လို့ ခံစားလိုက်ရတယ်။ သူမ မျှော်မှန်းထားသလိုပဲ။ သူမကို ကြိုက်တဲ့လူတစ်ယောက်မှမရှိဘူး။

အဲ့အချိန်မှာပဲ နောက်အသံတစ်သံက ထွက်လာခဲ့တယ်။ " ချင်းယောင် သရုပ်ဆောင်တာလဲ အတော်လေးကောင်းတယ်နော်။ သူမ တီဗွီမှာ ပထမဆုံးအကြိမ် ပေါ်လာတုန်းက သူမက အရမ်းလှလွန်းလို့ ငါ နှာခေါင်းသွေးတောင်ထွက်ပြီး လုံးဝကို မူးမေ့မလိုတောင်ဖြစ်သွားတယ်။ "

" ဟုတ်တယ် သူမ သရုပ်ဆောင်သွားတာ တော်တော် မိုက်တယ်။ " တစ်ခြားတစ်ယောက်ကလဲ ခေါင်းငြိမ့်လိုက်တယ်။ " ငါ့မှာက ငါအကြိုက်ဆုံး idol တစ်ယောက်ရှိပြီးပြီ။ ဒါပေမဲ့ ငါ သူမရဲ့ fan တစ်ယောက်ဖြစ်ချင်နေတုန်းပဲ။ သူမက ချင်းယောင် ကာရိုက်တာနဲ့ အရမ်းကို ကျက်သရေရှိတာပဲ။ သူမ တီဗွီမှာ ပေါ်လာတဲ့အချိန်တိုင်း ငါ သူမကို အကြိမ်ပေါင်းများစွာပြန်ပြန်ရစ်ကြည့်ချင်တာပဲ။ "

" အင်း ဟုတ်တယ် " ကျန်တဲ့သူတွေအားလုံးကလဲ သဘောတူတဲ့အနေနဲ့ ထောက်ခံလာကြတယ်။

သူတို့အားလုံးက အတွေးတူကြတယ်။ အဲ့တာက ယန်ဟွမ်က ချင်းယောင်အဖြစ်နဲ့ တစ်ကယ့်ကို ကောင်းကောင်းကြီး သရုပ်ဆောင်ခဲ့တာကို သက်သေပြနေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now