အပိုင်း(၁၃၂)Live ကြည့်ခြင်း

4.6K 497 16
                                    

Unicode
" မင်းက ဘာဖြစ်နေတာလဲ " ဒါရိုက်တာကျင်းက တင်းမင်ကို ဒေါသတကြီးနဲ့မေးလိုက်တယ်။ " ငါမင်းကို လဲကျခိုင်းလို့လား။ ငါက မင်းကို ဒီတိုင်းနှာဗူးတစ်ယောက်လိုပဲ သရုပ်ဆောင်ခိုင်းတာလေ။ မင်းက စိတ်တိုင်းကျ ဇာတ်ကွက်တွေထည့်ချင်နေတာလား။ ဒါပေမဲ့ အခုဟာတော့မဟုတ်သေးဘူး။ "

ရိုက်ကွင်းက သေသေချာချာ ပြင်ဆင်ထားပြီးသား။ ဒါက စိတ်ချမ်းမြေ့စရာကောင်းအောင် တစ်ခါထဲ ပြီးသွားရမှာ။ ဒါပေမဲ့ တင်းမင်က over တွေလုပ်ပြီး လဲချပစ်လိုက်တယ်။ ဒရမ်မာလာခင်းနေတယ်။ လုံးဝကို လူရွှင်တော်ကြီးကျနေတာပဲ။ တင်းမင်က သူ့ရဲ့ဆိုးဝါးလှတဲ့ acting တွေကို ထုတ်ပြပြီး ဒီဒရမ်မာကို ပျက်စီးရာပျက်စီးကြောင်းဖန်နေတာလား လို့တောင် ဒါရိုက်တာကျင်းက ထင်နေမိတယ်။

" တောင်းပန်ပါတယ် ဒါရိုက်တာကြီး။ ကျွန်တော် ထပ်မမှားတော့ပါဘူး။ " တင်းမင်က အမြန်ထလိုက်တယ်။ သူက နာသွားတဲ့ ဒူးလေးကို ပွတ်နေတယ်။ သူက အကောင်းဆုံး သရုပ်ဆောင်ခဲ့တာပဲ။ ဒါပေမဲ့ ယန်ဟွမ်ရဲ့ အေးစက်စက် attitude က သူ့ကိုကြောက်သွားစေတယ်။

သူတို့ အဲ့scene ကို အစကနေ ပြန်ရိုက်ရတယ်။ ယန်ဟွမ်က တင်းမင်ဆီလျှောက်လာတယ်။ သူမရဲ့ မျက်နှာအမူအရာက အေးစက်နေပြီး ရေသေကန်လိုပဲ တည်ငြိမ်နေတယ်။ သူမ မျက်နှာက သိမ်မွေ့နူးညံ့တဲ့ စွမ်းအင်တွေနဲ့ပြည့်နှက်နေပြီး သူမရဲ့အင်္ကျီလက်က လေထဲမှာ မြောလွင့်နေတယ်။
ဒါက မသေမျိုးနတ်သမီးလေးပဲ။ ဖြူစင်ပြီးအပြစ်ကင်းစင်တဲ့ လှပပြီး ပြီးပြည့်စုံတဲ့ ကောင်မလေးတစ်ယောက်ပေါ့။

ထမင်းချက်တင်းက သူလုပ်လက်စကို ရပ်လိုက်တယ်။ သူက ကောင်မလေးကို ငမ်းနေရင်း မျက်လုံးတွေက တဏှာစိတ်တွေနဲ့ပြည့်နှက်သွားတယ်။ ရုတ်တရက် သူမက သူ့ဘက်ကို လှည့်လာတယ်။ သူ ခေါင်းကို မြန်မြန် အောက်ကို ငုံ့ချလိုက်တယ်။

ချင်းယောင်က လျှောက်လာတယ်။

" ဒီကို လူတစ်ယောက်လာသေးလား " သူမ မေးလိုက်တယ်။ သူမမျက်လုံးတွေကို မှေးကျဥ္းလိုက်တယ်။ သူမရဲ့ အရမ်းကို ရှည်လွန်းတဲ့ မျက်တောင်တွေက ပါးကိုတောင် ထိတော့မယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now