အပိုင်း(၇၃) ကမ်းလှမ်းမှု

5K 623 2
                                    

Unicode
ယန်ဟွမ် သူမခန္ဓာကိုယ်က ဘယ်လောက်တောင် အနားယူမှ လှူလိုက်တဲ့သွေးတွေပြန်ပြည့်မလဲဆိုတာ တစ်ကယ်ပဲ သိချင်တယ်။ ဘယ်လောက်တောင်လိုတာလဲ အချိန်က။

" ဟွမ်ဟွမ်........ ဟွမ်ဟွမ်...... "

ရီလင်းက လူကမရောက်သေးဘူး အသံက အရင်ကြားရတယ်။ တံခါးကို ဘန်းခနဲ တွန်းဖွင့်ပြီး ရီလင်းအထဲကို ဝင်လာတယ်။ သူမ ယန်ဟွမ်ကို လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ပြီး တံခါးဆီ ဆွဲခေါ်သွားတယ်။

" မြန်မြန် ငါတို့ အခုချက်ချင်း သွားဖို့လိုတယ်ဟ။ ငါတို့ဖြုန်းနေဖို့ အချိန်မရှိဘူး။ "

ယန်ဟွမ် ရီလင်းဆီကနေ ရုန်းလို့မရဘူး။ သူမလက်ထဲမှာ ပဲစေ့လေးကို ကိုင်ထားတုန်းပဲရှိသေးတာလေ။

သူတို့ တိုက်ခန်းအပြင်ကို ရောက်တော့ ရီလင်းက အဲ့ကျမှ ယန်ဟွမ့်ကို သေချာကြည့်မိတယ်။ အဲ့တော့မှ သူမ လန့်သွားပြီး မေးရိုးတောင်ပြုတ်ကျတော့မလိုဖြစ်သွားတယ်။

ချည်သား ညအိပ်ဝတ်စုံ၊ ဇွန်ဘီလိုမျိုး ဖြူစုတ်နေတဲ့ မျက်နှာ၊ လက်တစ်ဖက်ကလဲ ကြောင်ကိုကိုင်ထားသေးတယ်၊ ပြီးတော့ စီးထားတာကလဲ ခြေညှပ်ဖိနပ်ကြီးနဲ့။ ယန်ဟွမ်က အရမ်းလှလွန်းလို့ ချည်ကြမ်းအင်္ကျီတို့ပဲဖြစ်ဖြစ် ဂုန်နီအိတ်ပဲဖြစ်ဖြစ် ကောက်စွတ်ထားရင်တောင် ဖက်ရှင်ရှိုးပွဲတစ်ခုလို့ ထင်သွားရစေအောင် လုပ်နိုင်ပေမဲ့လဲ အခုဟာက သူတို့က အရေးကြီးတဲ့လူကိုသွားတွေ့မှာလေ။ အဲ့တော့ သူမ အခုဝတ်ထားတဲ့ပုံစံက လုံးဝကို လက်သင့်မခံနိုင်စရာပဲ။

" ဟဲ့ နင်ဘာတွေဝတ်ထားတာလဲ။ " ရီလင်းက မျက်ရည်တောင်ထွက်တော့မယ်။ ယန်ဟွမ် ဝတ်ထားတဲ့ပုံစံက ဈေးကိုသွားတာတို့၊  ကြောင်လေးနဲ့ ရပ်ကွက်ထဲမှာလမ်းလျှောက်ထွက်တာတို့ အတွက်တော့ လုံးဝ perfect ပဲ။ ဒါပေမဲ့ အခုဟာက အရမ်းကို အရေးကြီးတဲ့ စီးပွားရေးကိစ္စအကြောင်းသွားပြောရမှာလေ။

" ဟေးးး နင်က ငါ့ကိုဆွဲခေါ်လာတာလေ။ မှတ်မိရဲ့လား။ " ယန်ဟွမ်က သူမရဲ့ နာသွားတဲ့ လက်ကောက်ဝတ်ကို ပွတ်လိုက်တယ်။ ရီလင်းရဲ့ စိတ်မရှည်တက်တဲ့ အလွန်အမင်းဟစိတ်လှုပ်ရှားတက်တဲ့ ပုံစံကို သူမ ကျင့်သားရနေပါပြီ။ အဲ့တာကဘာနဲ့တူလဲဆိုရင် ဘာမှသေသေချာချာ မရှင်းပြဘဲနဲ့ ပြေးပြီး ပစ္စည်း သွားလုခိုင်းတာနဲ့အတူတူပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now