အပိုင်း(၉၉)သူမရဲ့လမ်းမှာ

4.8K 521 4
                                    

Unicode
ယန်ဟွမ်က ဒါတွေအကုန်လုံးကို သေချာသိတာပေါ့။ ဘယ်လိုပဲပြောပြောwrap up party ဆိုတာကတော့ ပျော်ရွှင်ဖို့အချိန်ပဲလေ။ ဒါပြီးရင် ထုတ်လုပ်ရေးအဖွဲ့သားတွေက ရက်အနည်းငယ်လောက်တော့ ခြေဆန့်လက်ဆန့်ပြီး အနားယူလို့ရတာပေါ့။ အဲ့ဒါပြီးရင်တော့ promotion တွေစလုပ်ရတော့မှာဖြစ်ပြီး
ဒီဒရမ်မာ စပြပြချင်း ကြည့်ရှုနှုန်းများအောင်အရမ်းကို ကြိုးစားရတော့မှာ။

ယန်ဟွမ်က တူလေးကို ကိုင်လိုက်ပြီး သူမနေရာက အစားအသောက်တွေကို နည်းစနစ်
ကျနစွာ စားနေတယ်။ သူမက အရမ်းကို သိမ်မွေ့ပြီး မိန်းမဆန်တဲ့ ပုံစံလေးဖြစ်အောင်စားနေရတယ်။ အချိန်အားလျော်စွာ တစ်ယောက်ယောက်က သူမနေရာကို လှမ်းလှမ်းကြည့်နေတယ်။ သူမ အဲ့လိုဖြစ်တိုင်း အမြဲတမ်း ပြန်ပြုံးပြလိုက်တယ်။

ဒါပေမဲ့ အဲ့အရာက သူမကို မအီမသာကြီးစိတ်အနှောင့်အယှက် ဖြစ်စေတယ်....

သူမ နဲနဲ မျက် မှောင်ကျုံ့လိုက်တယ်။ သူမ ဒီအခန်းထဲကို ဝင်ဝင်ချင်းကထဲက စားပွဲမှာရှိတဲ့ ဝတုတ်တုတ် ဖက်တီးကြီးတစ်ယောက်က သူမကို မနားတမ်းစိုက်ကြည့်နေတယ်။ သူပြောချင်တဲ့ သဘောကတော့ အရမ်းကို ရှင်းလင်းနေတာပဲ။

သူမအရင်ဘဝတုန်းက သူမ အနုပညာလောကရဲ့ ထိပ်ဆုံးကို မရောက်ခင်အထိ ကြိုးပမ်းခဲ့ရတဲ့အတောအတွင်းမှာ လူပေါင်းစုံ ကို နေသာတဲ့နေရာမှာပဲဖြစ်ဖြစ် ရာသီဥတုမကောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ် နေရာပေါင်းစုံမှာ တွေ့ဖူးတယ်။ အဲ့ဒီ့ယောကျာ်းရဲ့ မျက်နှာပေါ်က အဲ့အကြည့်ကို သူမ ရင်းနှီးတယ်ဆိုတာထက်ကို ပိုသိတယ်။

အဲ့တာက ရန်လိုတဲ့ စိတ်ဝင်စားတဲ့ အကြည့်ပဲ။ အဲ့တာက မကောင်းတာကြံစည်တော့မဲ့ အကွက်ချတော့မဲ့ အကြည့်ပဲ။

သူမ အဲ့လူရဲ့အကြည့်ကို ဖြစ်နိုင်သမျှ ရှောင်ဖို့ကြိုးစားနေတယ်။ သူမ သန့်စင်ခန်းကိုလဲ အကြောင်းပြချက်အမျိုးမျိုးပေးပြီး ခဏခဏသွားတယ်။ ဒါပေမဲ့ သူမထလိုက်တဲ့အချိန်တိုင်းမှာ သူမရဲ့ လည်ပင်းနောက်ကို မသတီစရာအကြည့်ကြီး နဲ့ အကြည့်ခံနေရတာကို သူမခံစားမိတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now