အပိုင်း(၈) တစ်ချိန်တုန်းက ယန်ဟွမ်

7.8K 867 2
                                    

Unicode
ဆံပင်အတိုနဲ့ မိန်းကလေးတစ်ယောက်က တံခါးကိုဖွင့်ပြီး ဝင်လာတယ်။ သူမရဲ့ ဆံပင်က ထောင်လို့ရအောင်အထိတိုနေပေမဲ့ သူမရဲ့ အမူအကျင့်တွေက နဲနဲကြမ်းနေပေမဲ့ ပြီးတော့ သူမရဲ့ရင်ဘတ်က နဲနဲပြားနေပေမဲ့လို့ သူမက မိန်းကလေးဆိုတာ ကြည့်လိုက်တာနဲ့သိသာပါတယ်။

" အား ငါအရမ်းပင်ပန်းတာပဲ။ " သူမ ဟောင်းနေတဲ့ ဆိုဖာ သေးသေးလေးပေါ်ကို ပစ်လှဲလိုက်ပြီး ခြေထောက်က နံမနံ စိတ်မဝင်စားတော့ဘဲ ဖိနပ်တွေကို ကန်ချွတ်ပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်သူမ ကိုယ့်ကိုယ်ကို ပြန်အနံ့ခံလို့ရတာလဲမဟုတ်ဘူးလေ။

ယန်ဟွမ် မီးဖိုချောင်ထဲကနေ အိမ်လုပ် ခေါက်ဆွဲပန်းကန်လေးကို ကိုင်ပြီး ထွက်လာတယ်။ ဒါပေမဲ့ အရှေ့က မိန်းကလေးကို တွေ့လိုက်တော့ မျက်တောင်ခတ်လိုက်တယ်။ ခဏလောက် ကြောင်သွားပြီး သူမ မျက်ရည်တွေတောင်ဝဲလာတယ်။

" ရီရီ ...." သူမတိုးတိုးလေး ခေါ်လိုက်တယ်။ ဆံပင်အတိုနဲ့ မိန်းကလေးက ရုတ်တရက် ထလာပြီး ယန်ဟွမ့်လက်ထဲက ပန်းကန်လုံးလေးကိုယူလိုက်တယ်။

" ဟွမ်ဟွမ် နင်အရမ်းကောင်းတာပဲ။ ငါ့အတွက် အသင့်စားခေါက်ဆွဲတောင်ပြင်ထားပေးတာပေါ့။ ငါအရမ်းဆာနေတာဟ။ "

" အမ်?" သူမပန်းကန်ကို အနားတိုးကြည့်လိုက်ပြီး ရီလင်းရဲ့ မျက်လုံးတွေပြူးကျယ်သွားတာများ မယုံနိုင်စရာ တစ်ခုခုမြင်လိုက်ရတဲ့အတိုင်းပဲ။ " ဟွမ်ဟွမ် နင် ချက်တက်တယ်ပေါ့။ ဒါက စားလို့ရော ရရဲ့လားဟင်။ "

ယန်ဟွမ် သူမရဲ့ လက်သည်းတွေကို ကိုက်နေလိုက်မိတယ်။ သူမနဲ့ သူမအမေတို့က ခက်ခဲပင်ပန်း ဆင်းရဲခဲ့တယ်ဆိုပေမဲ့လဲ သူမကတော့ အိမ်မှုကိစ္စတွေကို မလုပ်တက်ဘူး။ သူမအမေ ဆုံးပြီးတဲ့ နောက်ပိုင်းမှာလဲ အနည်းဆုံး သူမကိုယ်သူမ စောင့်ရှောက်နိုင်အောင်လို့တော့ နဲနဲပါးပါး သင်ခဲ့တယ်။ ဒါပေမဲ့လဲ သူမချက်တဲ့ အစားအစာတွေက အစာအဆိပ်မသင့်စေရုံလောက်ပဲ စားလို့ရရုံလောက်ပဲရှိတယ်။ လုံးဝ စားလို့မကောင်းဘူး။

" ထားလိုက်ပါတော့ ။ ငါ့ကိုသာပေးလိုက်တော့။ ဘာပဲဖြစ်ဖြစ် ဘာမှ မစားရတာထက်စာရင်တော့ ကောင်းတာပဲ။" ရီလင်းက ထိုင်လိုက်ပြီး ခေါက်ဆွဲကို အားရပါးရ စားတော့တယ်။ အံ့အားတကြီးပဲ သူမရဲ့ မျက်လုံးတွေက ပထမ တစ်လုတ်မှာတင် လင်းလက်လာတယ်။ " ဝိုး... လုံးဝ မဆိုးဘူးဟ။ ဟွမ်ဟွမ် နင်ဘယ်တုန်းကစပြီး ဒီလို အရသာရှိတဲ့ ခေါက်ဆွဲကို ချက်တက်သွားရတာလဲ။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now