အပိုင်း(၂၉) သူမ လက်ခံခဲ့တယ်

5.3K 707 2
                                    

Unicode
ဒါပေမဲ့ သူမ မသိခဲ့တာက ယန်ဟွမ်က နာလွန်းလို့ အင်္ကျီတွေတောင်ချွေးစေးတွေနဲ့ စိုရွှဲနေပြီဆိုတာပဲ။

၂ဘဝတောင် ခံလာရပြီဆိုတော့ သူမ ဒီနာကျင်မှုကို ဘယ်လိုခံနိုင်ရည်ရှိအောင်လုပ်ရမလဲဆိုတာ သိနေပြီလေ။

ရိုက်ကွင်းကိုရောက်တော့ သူမ စပြီး ပြင်ဆင်တော့တယ်။ ဒါက ရှေးခေတ်ကားပဲ။ သူမက ဇာတ်ပို့ မင်းသမီးရဲ့ စတန့်ကို လုပ်ပေးရမှာ။

သူမက တိုက်ခိုက်တဲ့အခန်းရယ် ကတဲ့အခန်းရယ် အစားထိုးသရုပ်ဆောင်ပေးရမှာ။

တစ်ကယ်တမ်းတော့ ယန်ဟွမ်က အကတော်တယ်။ ဘာလို့ဆို သူမရဲ့ဆုံးသွားတဲ့အမေက သင်ပေးထားခဲ့တာလေ။ အဲ့လိုမှမဟုတ်ရင် သူမ ဒီလို အလုပ်တွေ လက်ခံနိုင်မှာမဟုတ်ဘူး။ သူမ ဒီလို အကကို ကျွမ်းကျွမ်းကျင်ကျင် ကနိုင်လို့လဲ သူမအမေ နေမကောင်းဖြစ်လို့ ဆေးရုံတက်ရတုန်းက သူမက ပိုက်ဆံရှာနိုင်ခဲ့တာပေါ့။

စတန့်အမျိုးသမီးလုပ်လာတာ နှစ်ကြာလာတော့ သူမက သူတို့ ဘာလိုလို ဘယ်အခန်းမှာ ဘယ်လို ဖြည့်ပြီးလုပ်လိုက်ရမယ်ဆိုတာကိုသိနေပြီလေ။ ဒီလိုနားလည်တာက တစ်ခြားမင်းသားမင်းသမီးတွေနဲ့ တွဲလုပ်တဲ့အချိန်မှာ အချိန်ကုန်သက်သာစေတယ်။

ဒါကြောင့်မို့လဲ ဒါရိုက်တာတော်တော်များများက သူမနဲ့တွဲရိုက်ချင်ကြတာပေါ့။ ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်၊ လှပတဲ့အသွင်အပြင်နဲ့ဆိုတော့ သူမက လျင်လျင်မြန်မြန် ပါဝင်လာနိုင်တယ်။ တစ်ခြားမင်းသားမင်းသမီးတွေကိုလဲ သင်ပေးနိုင်လာတာပေါ့။ သူမက ဇာတ်ရုပ်ထဲကနေ ခံစားချက်တွေ ပြန်ထုတ်တာ မြန်တာလဲ ပါမှာပေါ့။

တစ်ကယ်ဆို သူမက ဒီရုပ်ရှင်လောကရဲ့ ဒဏ္ဍာရီ တစ်ခုဖြစ်နိုင်ခဲ့ရဲ့သားနဲ့ ........ ရူးပြီး လုချင်းလို အကောင်မျိုးကို လက်ထပ်ဖို့ရွေးချယ်ခဲ့တာလေ။

အခုတော့ သူမက လူမသိတဲ့ စတန့်အမျိုးသမီးတစ်ယောက်။ ဘာကျော်ကြားမှုမှလဲမရှိ၊ ဘာအဆက်အသွယ်မှလဲမရှိ၊ ဘာနောက်ခံကောင်းကောင်းမှလဲ မရှိတဲ့ လူတစ်ယောက်။

" စတန့် လုပ်မဲ့ မိန်းကလေး...စတန့်လုပ်မဲ့သူရော ဘယ်မှာလဲ။ " ဒါရိုက်တာက အနောက်ကို လှည့်ပြီးအော်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now