အပိုင်း(၁၀၂) နင် သေတဲ့အထိတော့ မစားနဲ့

4.9K 512 11
                                    

Unicode
" ဘာမှမဖြစ်ပါဘူး " ယန်ဟွမ်က ခေါင်းကိုယမ်းလိုက်ပြီး ရီလင်းကို ပြုံးပြလိုက်တယ်။ သူမက အဲ့ဒီ့ခေါင်းဆောင်မင်းသမီးဆိုတဲ့ နေရာမှာ သရုပ်ဆောင်ပါမယ်လို့ ကတိမပေးမိလိုက် မချင်း သူမ ဒါကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ပြီးတော့ သူမမှာ သူ့အပေါ် သိပ်ပြီး စိတ်ဝင်စားမှု ရှိနေတာလဲမဟုတ်ဘူးလေ။ ယန်လီရှုန်းက သူမကိုဆန့်ကျင်ပြီး မကောင်းတာတစ်ခုခု ဘယ်လို လုပ်လာမလဲဆိုတာကိုလဲ သူမအခုထိ မသိရသေးဘူးလေ။

" တစ်ကယ်လား " ရီလင်းကအခုထိ သူမကို မယုံသေးဘူး။ ယန်ဟွမ့်စိတ်ထဲမှာ တစ်ခုခုရှိနေတယ်။ ဒါပေမဲ့ သူမက ဘာမှကို ထုတ်မပြောဘူး။ သူမရဲ့ လျှို့ဝှက်ချက်ကို သေသေချာချာကို ဖုံးဖိထားတာပဲ။ သူမတို့က အရင်ကလောက် မရင်းနှီးတော့ဘူးလို့ ရီလင်းခံစားနေရတယ်။

ရီလင်းက စိတ်ညစ်သွားတယ်။ ပြီးတော့ သူမ ဘာသာ သက်ပြင်းလေးချလိုက်တယ်။ ဟွမ်ဟွမ်က အရွယ်ရောက်လာပြီဆိုတော့ သူမရဲ့ ကိုယ်ပိုင်ဘဝကို သူမဘာသာ နေချင်နေမှာပေါ့။

သူမက သူမရဲ့ ခံစားချက်တွေအကြောင်းတွေးနေတဲ့အချိန်မှာ ဟွမ်ဟွမ်ကလဲ စိုးရိမ်ပူပန်နေတာကို သူမ သတိမထားမိခဲ့ဘူး။ ဒီလမ်းက အရမ်းခက်ခဲလိမ့်မယ်။ ပြီးတော့ သူမအရင်ဘဝတုန်းကထက်ကိုပိုပြီးတော့ ခက်ခဲကြမ်းတမ်းလိမ့်မယ်။

သူမအရင်ဘဝတုန်းက သူမ ဟိုဇာတ်ကားရိုက်ပြီးသွားတဲ့နောက် အခုအချိန်လောက်ဆို သူမက တော်တော်တောင် နာမည်ကြီးနေပြီလေ။

ဒါပေမယ့် ဒီဘဝမှာတော့ သူမမှာဘာမှမရှိသေးဘူး။ အကယ်၍ ယန်လီရှုန်းက သူမအပေါ်တစ်ခုခု ကြံစည်ချင်တယ်ဆိုရင် သူမ အန္တရာယ်ရှိနိုင်တယ်။

သူမ ကုတင်ပေါ်မှာ တစ်ညလုံး ထိုင်ရက်ကြီးနဲ့ မအိပ်ဘဲနေခဲ့တယ်။ ကံကောင်းတာက အခုလက်တလော Love and tribulation က တည်းဖြတ်နေဆဲကာလမလို့ သူမမှာ လုပ်စရာအလုပ်မရှိဘူး။ dramaနဲ့ဆိုင်တဲ့ promotion တွေအကုန်လုံးကို ခေါင်းဆောင်သရုပ်ဆောင်တွေကပဲ တက်ရောက်ကြလိမ့်မယ်။ အဲ့ဒါတွေက သူမနဲ့ မဆိုင်ဘူးလေ။ အဲ့ဒါကြောင့် သူမအိမ်မှာပဲ ဘယ်သူနဲ့မှမတွေ့ဘဲ ဘာမှမလုပ်ဘဲ နေနိုင်တာပေါ့။ ဟင်းချက်စရာတို့ အစားအသောက်တွေဝယ်တဲ့ကိစ္စတွေကိုတောင် ရီလင်းကို လွှဲအပ်ထားတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now