အပိုင်း(၅) တုံးလိုက်တဲ့သူမ

7.4K 789 5
                                    

Unicode
" သူမ ရူးမရူးဆိုတာ မင်း အသိဆုံးပဲ။ ထွက်သွားခိုင်းတာပဲဖြစ်ဖြစ် နေခိုင်းတာပဲဖြစ်ဖြစ် အဖိုးက ဆုံးဖြတ်လိမ့်မယ်။ ပြီးတော့... " သူ့ရဲ့ ရှင်းလင်းပြီး စိမ်းကားတဲ့အသံအနေအထားက အစေခံကို တုန်လှုပ်စေတယ်။ ဒါပေမဲ့ သူ့ရဲ့ ခံစားချက်တစ်ခုတောင် ခန့်မှန်းလို့မရအောင် သူကတည်ငြိမ်လွန်းတယ်။ " မင်းကိုယ်မင်း ဘယ်သူဆိုတာမမေ့နဲ့။ မင်းက လုချင်းရဲ့ ခွေးပဲ။ ဒီ့ထက် မပိုဘူး။ မင်းက ငါ့ကိုပြန်ပြောနိုင်တယ်လို့ထင်နေတာလား။"

ယန်ဟွမ် ခေါင်းအောက်စိုက်ပြီး သူမရဲ့ အင်္ကျီစလေးကိုသာ ဆုပ်ကိုင်ထားတယ်။ သူမရဲ့ပိန်လှီနေတဲ့ လက်ပေါ်မှာ မရေမတွက်နိုင်အောင် ထိုးထားတဲ့ အပ်ရာတွေကြောင့် အညိုအမဲ အမာရွတ်တွေစွဲနေတယ်။

လုရိက တံခါးကိုဖွင့်လိုက်တယ်။ ခရီးဆောင်အိတ်ကို ကြမ်းပြင်ပေါ်ချပြီး သူမကို စကားတစ်ခွန်းလေးတောင် မပြောဘဲ ပြန်ထွက်သွားတယ်။ ယန်ဟွမ်က သူပြောခဲ့တဲ့ ဟာတွေကိုပြန်တွေးလိုက် မိတယ်။ သူက သူမကို သနားတယ်လို့ ပြောခဲ့တယ်။

သူမ တံခါးကို မှီလိုက်တော့ လုရိ စကားပြောနေတာကို ကြားလိုက်ရတယ်။

" ငါ့ကို မဟုတ်တဲ့ စကားတွေလာမပြောနဲ့။ ငါမကြားချင်ဘူး။ မင်းနဲ့ သူမကြားမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ မင်း အသေအချာသိတယ်နော်။ လုချင်း သူမကို လက်ထက်တာ မင်းပဲ။ အဲ့ဒါကို သူမကရူးနေတယ်ဆိုတဲ့ ဆင်ခြေနဲ့ လူတွေအားလုံး လျှောက်ပြောပြီး အရူးလုပ်နေတာတွေရပ်တော့။ အဲ့တာ ရွံစရာကောင်းတယ်။ မိသားစုထဲက လူတိုင်းကို အရူးလို့ မင်းထင်နေတာလား။ "

လုရိရဲ့ သတိပေးချက်တွေက အလုပ်ဖြစ်လား မဖြစ်လားတော့ မသိပေမဲ့ အနည်းဆုံးတော့ သူတို့က သူမကို အခန်းထဲမှာ ထည့်ပိတ်မထားတော့ဘူး။ ဒါကလဲ လုချင်းရဲ့ သူမကို စွန့်လွှတ်တဲ့ နည်းလမ်းအသစ်တစ်ခု ဖြစ်ရင် ဖြစ်မှာပေါ့။ ဘာလို့ဆို သူတို့က သူမကို အစာလဲ မကျွေးတော့ဘူးလေ။ သူမရေဆာရင် ရေပိုက်က လာတဲ့ ရေကို သောက်ရင်ရသေးတယ်။ ဒါပေမဲ့ သူမ ဗိုက်ဆာရင်တော့ ........ သူမအဲ့တာကို အခုထိ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now