အပိုင်း(၅၆) ရင်သပ်ရှုမောဖွယ်ကောင်းသော

5.1K 605 4
                                    

Unicode
ယန်ဟွမ် အဝတ်လဲခန်းထဲထွက်လာတာကို တွေ့တာနဲ့ မိတ်ကပ် ပညာရှင်ရဲ့ မျက်လုံးတွေက တောက်ပလာတယ်။

ယန်ဟွမ် ဝတ်လိုက်တဲ့ cheongsam က အဝတ်ချိတ်တဲ့ စင်မှာချိတ်ထားတုန်းက အလှကြီးမဟုတ်ဘူး။ ပြောရရင် ဖုန်တွေတောင်နဲနဲတက်နေသေးတယ်။ ဘာလို့လဲဆိုတော့ အဲ့ဝတ်စုံက မင်းသမီး တော်တော်များများနဲ့ သေးနေတာလေ။ အဲ့တာကြောင့် ယန်ဟွမ် ဝတ်လို့ရတယ်လဲဆိုရော မိတ်ကပ်ပညာရှင်က အရမ်းကို အံဩသွားခဲ့တယ်။ သူက အင်္ကျီကို ဖြေပေးမလို့စောင့်နေတာလေ၊ ဒါမှမဟုတ်လဲ နောက်ထပ် အသစ်တစ်ထည်ရှာပေးမလို့ လုပ်နေတာလေ။ ဒါပေမဲ့ အဲ့တာက အခု မလိုတော့ဘူးပေါ့။ ဒီမင်းသမီးက ဒီဝတ်စုံနဲ့ ကွတ်တိကို တော်တာပဲ။ သူလုံးဝကို မချီူးကျုးပဲမနေနိုင်တော့ဘူးလေ။ ဘယ်လောက်တောင် သေးလိုက်တဲ့ခါးလေးလဲ။ သူမ ဘယ်လိုတောင် ထိန်းသိမ်းနိုင်ရတာလဲ။ မိုက်လိုက်တာ။

" ထိုင်ပါဦး " မိတ်ကပ်ပညာရှင်က သူ့ဘေးမှာရှိတဲ့ ခုံပေါ်ထိုင်ဖို့ လက်နဲ့အမူအရာလုပ်ပြလိုက်တယ်။ သူက လက်တွေကို စိတ်အားထက်သန်စွာ ပွတ်လိုက်ပြီး စိတ်ဆုံးဖြတ်ချက်ချလိုက်တယ်။ သူလုံးဝကို ပြီးပြည့်စုံတဲ့ ဟုန်ယောင်ကို ဖန်တီးတော့မယ်လို့ပေါ့။

ယန်ဟွမ် ထိုင်ခုံမှ ထိုင်လိုက်တယ်။ သူမရဲ့ လက်တွေကိုဒူးပေါ်မှာတင်ထားလိုက်တယ်။ မိတ်ကပ်ပညာရှင်ကလဲ သူမရဲ့ မျက်နှာ အနေအထားတွေကို လိုက်ပြီး အသေးစိတ်ကြည့်နေတယ်။

" မင်းမှာ ဓာတ်ပုံစားတဲ့ မျက်နှာမျိုးရှိတာပဲ "

ယန်ဟွမ် ရိုးရိုးလေးပဲ ပြန်ပြုံးပြလိုက်တယ်။ မှန်ထဲမှာ မြင်နေရတဲ့ မိန်းကလေးက ငယ်ရွယ်တယ်၊ လှပတယ်။ သူမက အခုမှ ဖူးပွင့်လာတော့မယ့် ပန်းပွင့်လေးလိုပဲ။

မိတ်ကပ်ပညာရှင်ကလဲ သူအခုဘာလုပ်နေတယ်ဆိုတာ အသေအချာကို ရှင်းလင်းစွာသိနေတယ်။ သူ ယန်ဟွမ့်ကို မိတ်ကပ်ပါးပါးလေးပဲလိမ်းပေးထားတယ်။ ဘာလို့လဲ ဆိုတော့ သူမက ငယ်တယ်၊ သဘာဝအတိုင်းလေးလဲ လှတယ်၊ ပြီးတော့ အသားအရေလဲကောင်းတယ်လေ။ သူမရဲ့ မျက်နှာသွင်ပြင်ကလဲ လုံးဝကို တစ်ဖက်နဲ့တစ်ဖက် အပြစ်ပြောစရာမရှိလောက်အောင် ထပ်တူကျနေတယ်။ အဲ့တော့ သူလဲ မိတ်ကပ်တွေအများကြီးသုံးပြီး ပုံဖော်စရာမလိုတော့ဘူးပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now