အပိုင်း(၁၂) လေထဲက ဝိုင်ယာကြိုး

6.1K 820 3
                                    

Unicode
တစ်ကယ်တမ်း သူမ ရိုက်ကွင်းနေရာကို မရောက်ခဲ့တာတော်တော်ကြာပြီ။ အရင်တုန်းကဆိုရင် ဒီနေရာက သူမရဲ့ စစ်မြေပြင်၊ သူမရဲ့ ဒုတိယအိမ်၊ သူမ စတားတစ်ယောက်ဖြစ်ခဲ့တဲ့နေရာပဲ။ သူမ အဲ့လို ခံစားချက်တွေမြင့်တက်လာတာနဲ့ သူမရဲ့ ရိုက်ကွင်းထဲကို လှမ်းတဲ့ ပထမဆုံးခြေလှမ်းမှာပဲ သူမရဲ့ သွေးကြောထဲက သွေးတွေ ဆူပွက်လာတယ်လို့ခံစားရတယ်။ သူမက အစားထိုးတစ်ယောက်ဖြစ်နေပေမဲ့လဲ အကောင်းဆုံး ပြီးပြည့်စုံအောင် ကြိုးစားမယ်လို့ လက်နှစ်ဖက်ကို ကျစ်ကျစ်စုပ်ရင်း သူမ ဆုံးဖြတ်လိုက်တယ်။

" အစားထိုးရော အစားထိုးဘယ်မှာလဲ " ဒါရိုက်တာက လက်ထဲမှာ ဇာတ်ညွှန်းကို လိပ်ကိုင်ထားရင်း နဲနဲစိတ်မရှည်တဲ့ပုံပေါ်နေတယ်။ ဒီအခန်းရဲ့ အခက်ဆုံးနေရာက ဝိုင်ယာကြိုးနဲ့ ဆွဲတဲ့အခန်းပဲ။ ဒီလို တိုက်ခိုက်ရေးစတန့်တွေက ပုံမှန်ဆိုရင် ယောက်ျားလေးတွေက လုပ်တာပဲ။ ဒါပေမဲ့ ယုချန်းက ပိန်လွန်းတော့ ယောက်ျားလေးက အစားထိုးလုပ်ပေးမယ်ဆိုရင် အရမ်းသိသာနေမှာလေ။ ဒါရိုက်တာက ပြီးပြည့်စုံတာကို အရမ်းလိုချင်တော့ အမျိုးသမီးစတန့်တစ်ယောက် လိုတယ်လေ။ ဒါပေမဲ့ ဒီဝိုင်ယာကြိုးနဲ့ အခန်းက မြေပြင်ကနေ မီတာ၂၀လောက်အမြင့်မှာရိုက်ရမှာဆိုတော့ တော်ရုံ စတန့်မိန်းကလေးတွေက မလုပ်နိုင်ကြဘူး။

" ဒီမှာပါ ဆရာ " ယန်ဟွမ်က ပုံမှန် အသစ်လေးတစ်ယောက် ရှက်နေ ကြောက်နေ သရုပ်ဆောင်တာကို စိတ်တိုင်းမကျမှာ စိုးရိမ်နေသလိုမျိုး ပြေးသွားလိုက်တယ်။

ဒါရိုက်တာက သူမကို အပေါ်အောက် အကြမ်းဖျင်းကြည့်လိုက်ပြီး " မင်း သေချာရဲ့လား?"

" ဟုတ်ကဲ့ " ယန်ဟွမ်က ခေါင်းငြိမ့်လိုက်တယ်။ " ကျွန်မ ဒါကို အကြိမ်အများကြီးလုပ်ဖူးပါတယ်။ ပြဿနာလုံးဝ မရှိပါဘူး။ " ယန်ဟွမ်ပြုံးလိုက်တော့ သူမရဲ့ နဂိုကထဲကရှိပြီးသား ဆွဲဆောင်မှုကို ပိုပြီး အလင်းပြလိုက်သလိုပဲ။

" အဲ့လိုမျက်နှာလေးအတွက် နှမြောစရာလေးပဲ " ဒါရိုက်တာက သူ့ဘာသူရေရွတ်လိုက်တယ်။ ဒီကောင်မလေးက နာမည်ကြီးတဲ့ စတားတစ်ယောက်ဖြစ်လာမယ်ဆိုတာကို သူပြောနိုင်တယ်။ ဘာပဲပြောပြောသူမမှာ အဲ့လို လက္ခဏာတွေရှိနေတာပဲကို ။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူမ ငါးစာကြီးကြီး မရသေးတာပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now