အပိုင်း(၁၅၄) ချင်းယောင်ရဲ့ သေဆုံးမှု

3.7K 493 9
                                    

Unicode
ယန်ဟွမ့်အရင်ဘဝမှာတုန်းက Journey to Fairylandက အခုဟာလောက် စိတ်လှုပ်ရှားဖို့မကောင်းဘူး။ အဲ့တုန်းက ဇာတ်ကားတစ်ကားလုံးရဲ့ spotlight က လျန်ချန် တစ်ယောက်ပဲ ဖြစ်နေခဲ့တာ။ ဝိန်သုန်းနီရဲ့ ချင်းယောင်က ပရိသတ်တွေရဲ့ နှလုံးသားကို မဖမ်းစားနိုင်ခဲ့ဘူး။ အဲ့တာက လျန်ချန်က သူမကို အခန်းတိုင်းလိုလိုမှာ တမင်သက်သက် ဖိနှိပ်ပြီး သရုပ်ဆောင်ခဲ့တာကြောင့်ဖြစ်နိုင်တယ်ဆိုတာ ယန်ဟွမ် အခု သိလိုက်တယ်။

ဝိန်သုန်းနီက အရင်ဘဝတုန်းကလဲ သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်စရိုက်နဲ့ လျန်ချန့်ခြေဖျားပေါ် တက်နင်းခဲ့တာနေမှာပေါ့။ ပြီးတော့ လျန်ချန်ကလဲ sceneတိုင်းမှာ ဖိအားပေးသရုပ်ဆောင်တာနဲ့ ပြန်လည် ချေပခဲ့တယ်။ အဲ့တာက ဝိန်သုန်းနီကို စိတ်တွေ ခြောက်ခြားစေပြီး ချင်းယောင်ကာရိုက်တာကို အလွဲလွဲအချော်ချော်တွေလုပ်စေခဲ့တယ်။ ဒါက ဖြစ်နိုင်ချေအရှိဆုံး ဖြေရင်းချက်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ဝိန်သုန်းနီက တစ်ကယ်တော့ အရည်အချင်းပြည့်တဲ့ သရုပ်ဆောင်တစ်ယောက်မလို့လေ။ သူမအရည်အချင်းနဲ့ဆို ပုံမှန်အခြေအနေတွေအောက်မှာ စိတ်ကျေနပ်ဖို့ကောင်းလောက်တဲ့ performanceကို ချပြနိုင်ရမှာမလို့လေ။

အဲ့ညမှာ ယန်ဟွမ် နှစ်ခြိုက်စွာအိပ်ခဲ့တယ်။ တစ်ရက်နားပြီးသွားတော့ သူမ လန်းဆန်းလာတယ်။ ပြီးတော့ လျန်ချန်က ပဲစေ့လေးကို ခေါ်မသွားရင်ကောင်းမှာပဲလို့ တွေးနေမိတယ်။ ဘာလို့လဲဆိုတော့ ပဲစေ့လေးရဲ့ မြောင်လို့အော်သံလေးက သူမရဲ့ အခုယာယီနေနေတဲ့နေရာလေးကို အိမ်လို့ ပိုခံစားစေရနိုင်တာမလို့လေ။ မဟုတ်ဘူး။ ယန်ဟွမ် သူမ အတွေးကို ပြန်ပြင်လိုက်တယ်။ အဲ့တိုက်ခန်းကလဲ သူမတို့ အိမ်မဟုတ်ဘူး။ ပိုက်ဆံရလာပြီဆိုတာနဲ့ ရီလင်းနဲ့ ငါ့အတွက် အိမ်လေးတစ်လုံးဝယ်မယ်။ အဲ့ကျတော့မှ ငါတို့မာ ကိုယ်ပိုင်အိမ်လို့ခေါ်လို့ရမဲ့ နေရာလေးတစ်ခုရှိလာမှာ။

နောက်တစ်နေ့မနက်မှာ သူမက မိုးသောက်ပြီဆိုကထဲက ရိုက်ကွင်းကို ထွက်လာခဲ့တယ်။ သူမ မိတ်ကပ် ပြင်ရတာက နာရီအများကြီး အချိန်ယူတာမလို့ သူမ အဲ့ကို စောစောရောက်ရတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now