အပိုင်း(၁၂၃) သူမက ရိုက်ချက်တိုင်းမှာ တောက်ပနေတယ်

4.6K 491 10
                                    

Unicode
ဒီနေ့က Journey to Fairyland အတွက် ဝတ်စုံပြည့် photo shooting ရှိတယ်။ ပြီးတော့ အဲ့မှာ ရိုက်ကူးရေးအဖွဲ့သားတွေအကုန်လုံး လာကြမှာ။ ဒီဟာက ယန်ဟွမ့်အတွက် ရိုက်ကူးရေးအဖွဲ့အသစ်နဲ့ သိကျွမ်းဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။

ယန်ဟွမ်က ရိုက်ကွင်းကို ကုမ္ပဏီက ကားနဲ့သွားခဲ့တယ်။ ကုမ္ပဏီက တစ်ခြားလူတစ်ချို့လဲ ဒီဒရမ်မာထဲမှာ ပါကြတယ်။ ဒါပေမဲ့ သူတို့က role သေးသေးလေးတွေပဲ သရုပ်ဆောင်ရတာ။ ယန်ဟွမ်တစ်ယောက်ထဲ ချင်းယောင်လို အရေးကြီးတဲ့ကာရိုက်တာကို အစကနေအဆုံးထိ သရုပ်ဆောင်ရတာ။

သူမရိုက်ကွင်းကိုရောက်တော့ ကျန်တဲ့သူတွေအားလုံးတောင်ရောက်နေကြပြီ။ တစ်ကယ်တော့ အခုနဲ့ အရင်ဘဝနဲ့က နဲနဲပဲ ကွာခြားတာ။ role အများစုက အရင်ဘဝတုန်းကလူတွေဆီပဲ ရောက်သွားတာ။ ယန်ဟွမ်တစ်ယောက်ထဲပဲ အသစ်ဖြစ်နေတာ။ ဒါ့ကြောင့်လဲ ရိုက်ကွင်းအတွက် ခံစားချက်အသစ်ကို ပေးစွမ်းနိုင်မှာပါ။

သူမ ရိုက်ကွင်းမှာ လျန်ချန်ရဲ့ အဖွဲ့ကိုတွေ့တယ်။ ပထမဇာတ်လိုက် မင်းသမီးက လျန်ချန်ဆိုတာ သူမသိထားပြီးသား။ ရီလင်းက သူမကို တွေ့တော့အရမ်းစိတ်လှုပ်ရှားနေတယ်။

" ဟွမ်ဟွမ် ကြည့်ကြည့် အဲ့ဒါ လျန်ချန်ပဲ။ movie queen လျန်ချန်လေ။ အဲ့ဒါ တစ်ကယ်ကြီး သူမအစစ်ပဲဟ။ ငါသူမဆီက လက် မှတ် သွားတောင်းချင်လိုက်တာ။ "

တစ်ကယ်တော့ ရီလင်းရော ယန်ဟွမ်ရောက လျန်ချန်ရဲ့ ဒရမ်မာတွေကြည့်ပြီး ကြီးပြင်းလာရတာ။ Journey to Fairyland ရဲ့ budget က တော်တော်ရက်ရောတာဆိုတော့ သူတို့က လျန်ချန်ကို ပါဝင်ဖို့ ဖိတ်ခေါ်ထားတာလေ။ ဒီဒရမ်မာကတော့ သူမကြောင့်ကိုပဲ အလိုအလျောက် အောင်မြင်တော့မှာ။

ယန်ဟွမ်က သူမရွေးချယ်ခဲ့တဲ့လမ်းကို ပျော်ရွှင်နေတယ်။ လျန်ချန်လို ရိုက်တဲ့ကားတိုင်း ဂန္တဝင် ဖြစ်သွားတဲ့ မင်းသမီးတစ်ယောက်နဲ့ လူတိုင်း တွဲရိုက်နိုင်တာမဟုတ်ဘူးလေ။

လျန်ချန်က အသက်၃၂နှစ်ရှိပြီ။ ဒါပေမဲ့ သူမက အခုထိ ကောင်မလေးငယ်ငယ်လေးလိုပဲ ငယ်ရွယ်နုပျိုနေတုန်း။ သူမက ၁၆နှစ်အရွယ်ကောင်မလေးအနေနဲ့ သရုပ်ဆောင်မယ်ဆိုတာ မထူးဆန်းပါဘူး။ ပြီးတော့ တမူထူးခြားတဲ့ မိတ်ကပ်စွမ်းရည်ရယ် မီးအလင်းအမှောင်တွေရယ်ဆိုရင် ဇာတ်လိုက် မင်းသမီးကို ပိုငယ်သွားအောင် လုပ်နိုင်စွမ်းရှိတာပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now