အပိုင်း(၂၈)ခံရခက်တဲ့ နာကျင်မှု

5.5K 725 3
                                    

Unicode
အခု သူမတို့ အိမ်ပြန် ရေချိုးပြီး နားလို့ရပြီ။ အိမ်ပြန်တဲ့လမ်းမှာတင်ကို ယန်ဟွမ်က အရမ်းပင်ပန်းပြီး မလှုပ်ချင်တော့ဘူး။ သူမ ဘာမှလဲမစားချင်တော့ဘူး၊ ကိုယ်လက်သန့်ရှင်းရေးလဲ မလုပ်ချင်တော့ဘူး။ ဒီအတိုင်းလှဲပြီးတော့ဘဲ အိပ်ချင်တော့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အတင်းကို ရေချိုးလိုက်ရတော့တယ်။ သူမတစ်ကိုယ်စာလေးရှိတဲ့ ရေချိုးခန်းသေးသေးလေးထဲမှာပေါ့။

နောင်မှာ သူမနဲ့ရီလင်းတို့ ပိုက်ဆံတွေအများကြီး ရှိလာရင် အရင်ဆုံးလုပ်မဲ့ အရာတစ်ခုကို သူမ စဉ်းစားမိပြီ။ အဲ့တာကတော့ သူတို့ပဲ ပိုင်တဲ့ အိမ်လေးတစ်လုံးဝယ်ဖို့ပဲ။

အဲ့အိမ်မှာ ရေချိုးခန်းအကျယ်ကြီးရှိရမယ်၊ ပျော့အိနေတဲ့ ကုတင်အကြီးကြီးလဲ ရှိရမယ်။ ပြီးတော့ ရီလင်းလဲရှိရမယ် ....... အသက်ရှင်လျက်ပေါ့။

သူမ ရေချိုးခန်းထဲက ထွက်လာတော့ ရီလင်းက တီဗွီသေးသေးလေးရှေ့မှာ ထိုင်ပြီး သတင်းကြည့်နေတယ်။ လက်ကလဲ သူမရဲ့ မှတ်စုစာအုပ်လေးထဲမှာ တစ်ခုခုကိုရေးနေတယ်။

" နင်ပြီးသွားပြီလား " ရီလင်းက တံခါးဖွင့်သံကြားတော့ လှည့်တောင်မကြည့်ဘဲ လှမ်းမေးလိုက်တယ်။

" အင်း နင့်အလှည့် " ယန်ဟွမ်က သူမရဲ့ ဗိုက်အောက်ပိုင်းလေးကို လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ သူမကြည့်ရတာ အဆင်ပြေပုံမပေါ်ဘူး။ ဒါပေမဲ့ သူမ ရီလင်းကို ပျော်ပျော်ရွှင်ရွှင် မြင်လိုက်တယ်ဆိုရင်ပဲ သူမရဲ့ နှုတ်ခမ်းတွေက အလိုအလျောက်ကို ပြုံးသွားတာပဲ။

ရီရီ နင် ဒီဘဝမှာ ငါ့နားမှာရှိနေနိုင်တာ သိပ်ကောင်းတာပဲ။

ယန်ဟွမ် သူမရဲ့ အိပ်ခန်းသေးသေးလေးထဲကို ဝင်သွားလိုက်တယ်။ ဒါပေမဲ့ သူမရဲ့ ဗိုက်က နာကျင်မှုကြောင့် နဖူးမှာ ချွေးစေးတွေတောင် ထွက်လာတယ်။

သူမ ဒီလို ခံစားချက်ကို ရင်းနှီးနေတယ်။ လတစ်လရဲ့ ဒီလို အချိန်က ရောက်လာပြန်ပြီ။ အဲ့တာက ယန်ဟွမ်ကို အရမ်း ဒုက္ခပေးတာပဲ။ သူမ အမြဲတမ်း ဗိုက်က ဆိုးဆိုးဝါးဝါးအောင့်တယ်။ အရင်တုန်းကတော့ သိပ်ပြီး ကိစ္စမရှိဘူး။ ဒါပေမဲ့ သူမ စတန့်အလုပ်ကို စလုပ်ကထဲက ပိုပိုဆိုးလာတာပဲ။ ဘာလို့လဲဆိုတော့ သူမက အလုပ်အတွက် အရမ်းအေးနေတဲ့ ဆောင်းရာသီမှာလဲ ရေအေးထဲကို အနှစ်ခံရတာတို့ လုပ်ရလို့လေ။ ဒါက သူမရဲ့ နာကျင်မှုကို ပိုဆိုးစေပြီး သူမကို လတိုင်းလတိုင်း အဆင်မပြေဖြစ်အောင်လုပ်တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now