အပိုင်း(၄) ဖောက်ပြန်တဲ့အတွဲ

8K 851 4
                                    

Unicode

နောက်ဆုံးတော့ အမျိုးသားဟာ ရှေ့ကို တစ်လှမ်းတိုးလာတယ်။ သူ့ရဲ့ အသွင်အပြင်က အမှောင်ထဲမှာ ပိုပြီး တောက်ပလာတယ်။

သူက လုချင်းနဲ့ အရမ်းကွဲပြားတယ်။ လုချင်းက ချောပြီးသိမ်မွေ့တယ်။ သူကတော့ တည်တည်ကြည်ကြည်နဲ့ လေးနက်တယ်။

"လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဆုမူရန်က သွေးကင်ဆာ ဖြစ်တာ စသိခဲ့တာကို မင်းလဲသိမယ်လို့ငါထင်တယ်။ "

ယန်ဟွမ် အခုမှဘာလို့လဲဆိုတာ နားလည်တော့တယ်။ အားလုံးက ဘာကိုဦးတည်နေတာလဲဆိုတာ သဘောပေါက်တော့တယ်။

အဲ့တာကြောင့် လုချင်းက သူမသွေးကိုလိုချင်နေတာပေါ့။ သူက ကလေးကိုဖျက်မချခိုင်းတဲ့ အကြောင်းကလဲ အချင်းကြိုးကြောင့်ပေါ့။ ဒါ့ကြောင့်သူက လမစေ့သေးတဲ့ ကလေးကို သူမဗိုက်ထဲကနေ အတင်းရက်ရက်စက်စက် ထုတ်သွားခဲ့တာပေါ့။ ဒါတွေအကုန်လုံးက သူချစ်တဲ့ မိန်းကလေးအတွက် အချင်းကြိုးထဲကသွေးကို ယူပေးနိုင်ဖို့ပေါ့။

လုရိ သူ့ရှေ့က အမျိုးသမီးကို ငြိမ်ငြိမ်လေး စိုက်ကြည့်နေလိုက်တယ်။ သူမ တုန်လှုပ်နေတာတွေ သူမ အသားတွေတောင်တုန်ပြီး ဝမ်းနည်းနာကျင်နေတာတွေကို သူအကုန်မြင်နေရတယ်။ ဒါပေမဲ့ အချည်းအနှီးပါပဲ။

" သနားစရာကောင်းသနားတဲ့ လူတစ်ယောက်မှာ တစ်ခုခု မုန်းဖို့ကောင်းတာ ရှိတက်ကြတယ်။ "

ယန်ဟွမ် သေသူတစ်ယောက်လို ကုတင်ပေါ်မှာ နာကျင်ခံစားနေတာတွေ သူမကလေးကိုဆုံးရှုံးလိုက်ရလို့ ယူကြုံးမရဖြစ်နေတာတွေကို ထားခဲ့ပြီး သူက အဲ့စကားတွေကို စာနာမှုမရှိပြောပြီး ခဏကြာတော့ ထွက်သွားခဲ့တယ်။

ဟုတ်တာပဲ။ သနားစရာကောင်းတဲ့ သူတစ်ယောက်မှာ မုန်းဖို့ကောင်းတာ တစ်ခုခု ရှိတက်ကြတာပဲ။ ငါက သူများ ရဲ့ ဂရုဏာကိုရော သနားတာကိုရော မခံယူထိုက်ဘူး။ ငါ့မှာ အရည်အချင်းမရှိဘူး။

တီဗွီထဲမှာတော့ နူးညံ့ပြီး သိမ်မွေ့တဲ့ အမျိုးသားနဲ့ အပြစ်ကင်းပြီး လှပတဲ့ အမျိုးသမီး ဘေးချင်းယှဥ်ရပ်နေကြတယ်။ ကောင်းကင်က နတ်ဖက်တဲ့ အတွဲလိုပေါ့ အရမ်းကိုလှပနေကြတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now