အပိုင်း(၅၃)သူမလုပ်နိုင်ခဲ့ပြီ

5K 636 5
                                    

Unicode
ရှောင်ထောင်းဆိုတဲ့ နာမည်က စာလိုပြောရရင် မက်မွန်သီးလေးလို့ အဓိပ္ပာယ်ရတယ်။ အမျိုးသမီး ဇာတ်လိုက်ရဲ့ အစေခံမလေးပေါ့။

" သူတို့က ဒီကာရိုက်တာအတွက် တောင်းဆိုချက်က မများဘူးဟ။ နင့်ရုပ်ရည်တစ်ခုထဲနဲ့တောင် ဒီဇာတ်ရုပ်ကိုရမယ်ဆိုတာ ငါပြောရဲတယ်။ " ရီလင်းက အားတက်သရော ပြောလာတယ်။

ရီလင်းက သူမကြားလာခဲ့တဲ့ဟာတွေကို ပြန်ပြောနေတာကို နားထောင်ရင်း ယန်ဟွမ်က ရေတစ်ငုံထပ်သောက်လိုက်တယ်။ အဲ့တော့ ဝိန်သုန်းနီက တစ်ယောက်ယောက်ကို ဖုန်းနဲ့ သူမက ဟုန်ယောင်နေရာအတွက် ရွေးချယ်ခံလိုက်ရပြီလို့ ပြောတယ်ပေါ့။ ယန်ဟွမ်က ရယ်စရာကောင်းတယ်လို့ တွေးလိုက်မိတယ် ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ အနေရခက်တယ်လို့ ခံစားမိတယ်။

ဝိန်သုန်းနီက အကွာအဝေးတစ်ခုလောက်ကနေ ဖုန်းပြောနေတာကိုတောင် ကြားရတယ်ဆိုတော့ ရီလင်းနားတွေက အတော်ပါးတာပဲ။ ယန်ဟွမ်က လျှောက်တွေးမိသွားတယ်။ အဲ့တာဆို သူမတို့ ဘေးကပ်ရပ်အခန်းက လက်ထပ်ခါစ လင်မယားစုံတွဲ ညညကျရင် တစ်ယောက်နဲ့တစ်ယောက်တီးတိုးပြောကြတာကိုရော ရီလင်းကြားရတာများလား။

" နင် သူဖုန်းပြောနေတာကို တစ်လုံးမကျန်ကြားလိုက်ရတယ်လို့ ပြောနေတာလား။ "

ယန်ဟွမ်က အနီးနားမှာရှိတဲ့ ထိုင်ခုံဆီကိုလျှောက်သွားလိုက်ပြီး ထိုင်လိုက်တယ်။ သူမရဲ့လက်ချောင်းလေးတွေကတော့ အခုထိ ခွက်လေးကို ကစားနေတယ်။ ကလေးလေးတစ်ယောက်က သူအချစ်ဆုံးအရုပ်လေးကို ကစားနေသလိုမျိုးပေါ့။

" ဒါပေါ့ " ရီလင်းက သူမ ရင်ဘတ်ကိုသူမ ပုတ်ပြီး ပြောလိုက်တယ်။ " နင်ငါ့ကို ဘာထင်နေလဲ။ ငါ့ရဲ့ အကြားအာရုံက အရမ်းကောင်းတာနော်။ တစ်ကယ်တော့ .......... ငါ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ " သူမဘေးပတ်လည်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီး သူမတို့နှစ်ယောက်ထဲရှိတာသေချာပြီဆိုမှ သူမ ယန်ဟွမ် နားနားလေးကို ကပ်ပြီး တိုးတိုးလေးပြောတယ်။ " နင် ငါတို့ ဘေးအိမ်က အိမ်နီးချင်းလေသိတယ်မလား ဘေးကပ်ရပ်အခန်းကစုံတွဲလေ။ ငါ သူတို့ညညကျရင် ဘာတွေပြောလဲဆိုတာတောင်အကုန်ကြားရတယ်။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now