အပိုင်း(၆၄) စားလေ

5K 641 1
                                    

Unicode
" မင်းက ဒီပါးနီရောင်ဂေဟာရဲ့ မိန်းကလေးဟုန်ယောင်ပဲဖြစ်မယ်။ မင်းရဲ့ဂုဏ်သတင်းကတော့ လူအတိုင်းပဲ တစ်ကယ်ကို ကိုက်ညီပါပေတယ်။ "

ပါးနီရောင်ဂေဟာဆိုတာ ချင်းကျန်းမြစ်ကမ်းပါးတစ်လျှောက်မှာ ထိပ်ဆုံးအဆင့် အပျော်ဂေဟာပဲ။ အဲ့ဒီ့ ဂုဏ်သတင်းကလဲ သူတို့ရဲ့ ထိပ်ဆုံးအပျော်မယ် အအောင်မြင်ဆုံးအပျော်မယ် ဟုန်ယောင်ရှိနေလို့လေ။ သူမက ယောကျာ်းတွေကို ဧည့်ခံဖျော်ဖြေတဲ့နေရာမှာ တော်တော်လေးကို ကျွမ်းကျင်တယ်။ ပြီးတော့ အရမ်းလဲ လှတယ်လေ။ ကျန်းချောင်တောင်မှပဲ သူမက ကျက်သရေရှိတယ်ဆိုတာကို ဝန်ခံရလိမ့်မယ်။

ဒါပေမဲ့ သူမရဲ့အလှအပရှိတာနဲ့ပဲ သူမက အရှက်မရှိတဲ့ အပျော်မယ်ဆိုတဲ့အချက်ကို ဖျောက်ဖျက်ပစ်လို့မရဘူးလေ။

ဟုန်ယောင်ရဲ့ မျက်လုံးထဲက တောက်ပနေတဲ့အလင်းရောင်လေးတွေ ပျောက်သွားတယ်။ ကျန်းချောင်ရဲ့ မျက်လုံးထဲကပေါ်တင်ကြီးကို လှောင်ပြောင်နေမှုတွေ၊ အထင်သေးစက်ဆုပ်နေမှုတွေကို မြင်လိုက်ရတဲ့အချိန်မှာ သူမရဲ့ အပြုံးကလဲ အေးစက်သွားတော့တယ်။ သူမ စားပွဲတစ်ခုကိုမှီလိုက်ပြီး သူမကိုယ်သူမ ယပ်တောင်ခတ်နေလိုက်တော့တယ်။

" ချစ်ညီအစ်မတို့ရေ ဘေးလေးတွေကို ကပ်ပေးလိုက်ကြနော်။ ဒီစစ်သားတွေ၊ အရာရှိကြီးတွေအတွက် လမ်းဖယ်ပေးလိုက်ကြနော်။ သူတို့က တာဝန်အရ ရှာဖွေကြရမှာလေ။ အိုးး ကြည့်ပါဦး မေ့တော့မလို့။ ငါတို့ အင်္ကျီအောက်တွေမှာ ဖွက်ထားတဲ့ပစ္စည်းတွေကိုလဲ ထုတ်လိုက်ကြဦးနော်။ အရာရှိကြီးတွေ အလုပ်လုပ်ရတာပိုလွယ်ကူအောင်လို့လေ။ "

သူမက သူမ ဝတ်ထားတဲ့cheongsam ကို စမ်းပြလိုက်တယ်။ တစ်ချိန်ထဲမှာပဲ သူမအနားမှာရှိနေကြတဲ့ ယောကျာ်းတွေက သူမကို ခုန်အုပ်တော့မတက် ကြည့်လာကြတယ်။ တစ်ယောက်ယောက်ရဲ့ အသက်ရှူသံပြင်းပြင်းကြီးကိုတောင် သူမကြားလိုက်ရတယ်။

ယောကျာ်းတွေ.........သူတို့အားလုံးက ဒီပုတ်ထဲက ဒီပဲတွေပဲလေ။

ကျန်းချောင်ကနောက်တစ်ခါ အချက်ပြလိုက်တယ်။ စစ်သားတွေကလဲ မဆိုင်းမတွဘဲ အ​ပေါ်ထပ်ကို ချီတက်သွားကြတယ်။ ဒါပေမဲ့ ကျန်းချောင်ကတော့ ကျန်နေခဲ့တယ်။ သူက နေရာကနေ လှုပ်တောင်မလှုပ်ဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now