အပိုင်း(၁၈၈) ဒီကြောင်ပဲနေမှာ

2.7K 413 3
                                    

Unicode

" အင်းပါ " လိန့်ချင်းရိက နာခေါင်းကိုထိလိုက်တယ်။ တစ်ကယ်တော့ သူက ကြောင်နဲ့ဆော့ရတာကို တစ်ကယ်ကြိုက်တာပါ။ ကြောင်လေးက အရမ်းလဲလတယ်လေ။ ဒါ့အပြင် ဒီကြောင်လေးက ယန်ဟွမ့်ကြောင်လေးနဲ့လဲ တူတယ်။

သူ့အမေက ကြောင်တစ်ကောင်လောက်မွေးချင်တယ်လို့ နေ့တိုင်းနေ့ပြောပြောနေတာ။ ဒါပေမဲ့ သူမက အဲ့ကြောင်နဲ့တစ်ပုံစံထဲတူတဲ့ကြောင်ကို ရှာမတွေ့ဘူးလေ။

သူက အဲ့ကြောင်ကို ကောင်းကောင်းသိနေရတဲ့အကြောင်းရင်းကတော့ သူ့အမေက နေ့တိုင်းနေ့ သူ့ရှေ့မှာ ကြောင်ပုံကြီးကို အကြီးချဲ့ပြီး ပြပြနေလို့လေ။ အဲ့တော့ သူ သေသေချာချာကို ကောင်းကောင်းမှတ်မိတာပေါ့။

အိုး ဟုတ်သားပဲ!! သူက ဖုန်းကိုထုတ်လိုက်ပြီး အဲ့ဓာတ်ပုံကိုရှာလိုက်တယ်။ ပြီးတော့ ဓာတ်ပုံထဲကကြောင်နဲ့ အပြင်ကကြောင်ကို အကြာကြီးယဥ်ကြည့်နေတယ်။ သူတို့၂ကောင်လုံးက အရမ်းတူတာပဲ။ သူတို့အမွေးpattern တွေကတောင် တစ်ပုံစံထဲပဲ။

" လုရိ ဒီ၂ကောင်က တူတယ်လို့ မထင်ဘူးလား "

လိန့်ချင်းရိက သူ့ဖုန်းကို လုရိရှေ့မှာထားလိုက်ပြီး " ဒီကြောင်က ဒီဓာတ်ပုံထဲက ပုံအတိုင်းပဲ။ အမွေး pattern ကလဲ အတူတူပဲ။ အမျိုးအစားလဲ အတူတူပဲ။ "

လုရိကမော့ကြည့်လိုက်ပြီး လိန့်ချင်းရိဖုန်းထဲက ပုံကို ကြည့်လိုက်တယ်။ 'တူတယ်?? ဒါကတစ်ကောင်ထဲပဲဟာကို။ ကမ္ဘာပေါ်မှာ သစ်ရွက်၂ရွက်တောင် တစ်ပုံစံထဲမတူဘူး။ ကြောင်တွေက သစ်ရွက်တွေထက်ပိုများတာ ဖြစ်နိုင်လို့လား။ '

သစ်ရွက်တောင် တစ်ပုံစံထဲတူတဲ့ဟာမရှိမှတော့ တူတဲ့အရာဆိုတာ မရှိဘူး။

" ဒီပုံက ဘယ်ကရတာလဲ " လက်ချောင်းတွေက ကီးဘုတ်ပေါ်မှာပဲရှိနေပြီး သူကခြောက်ကပ်ကပ်နဲ့မေးလိုက်တယ်။ ဒီအမှုက အချက်အလက်တွေ သက်သေပစ္စည်းတွေအများကြီးပဲလိုအပ်တယ်။ တစ်ကယ်လို့ သူဒီအချိန်အတွင်းမှာ ပြီးအောင်မလုပ်နိုင်ဘူးဆိုရင် တရားခွင်ကျတော့ အမီလိုက်နိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမဲ့ သူက တစ်ချိန်ထဲမှာ အလုပ်၂ခုလုပ်နိုင်တယ်လေ။ မဟုတ်ဘူး အလုပ်၃ခု လုပ်နိုင်တယ်။ သူက ကြောင်ကိုလဲ ကြည့်ပေးရဦးမယ်၊ ပြီးတော့ လိန့်ချင်းရိနဲ့ သူ့ကို အစေခံလိုသဘောထားတဲ့ ဖန်းကျူဆိုတဲ့မိန်းမ တို့နဲ့လဲ အလိုက်အထိုက်နေရဦးမယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now