အပိုင်း (၁၅၂) Stay tuned

3.5K 443 3
                                    

Unicode
သူမ မော့ကြည့်လိုက်တော့ သူမ သတိမထားလိုက်မိတဲ့အချိန်မှာ လျန်ချန်က သူမဘက်ကိုလျှောက်လာပြီး အခု သူမ အရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။လျန်ချန့်မျက်နှာက သူမနဲ့ အရမ်းကပ်နေတော့ လျန်ချန့်မျက်နှာပေါ်က မိတ်ကပ်အထူကြီးကို ယန်ဟွမ်မြင်နေရတယ်။ မိတ်ကပ်က သူမ အသက်ကို ဖုံးပေးထားတယ်။ ဒါပေမဲ့ အဲ့တာကပဲ သူမမျက်နှာကို နည်းနည်း သဘာဝမကျတဲ့ပုံပေါ်စေတယ်။

ဒီအမျိုးသမီးက အရမ်းလှတာပဲ။ ဒါပေမဲ့ သူမလဲ အချိန်ကရှေ့ကို ဆက်သွားနေတာကို မတားနိုင်ဘူး။

" ဒါ ညီမရဲ့ ကြောင်လေးလား "

လျန်ချန်က ယန်ဟွမ့်လက်ထဲက ပဲစေ့လေးကို ချီလိုက်တယ်။ ပဲစေ့လေးက တစ်ခါလောက် မြောင်လို့အော်ပြီး လျန်ချန် လက်မောင်းထဲမှာ လိမ်လိမ်မာမာလေး နေတော့တယ်။ သူမက လှုပ်ဖို့တောင်ပျင်းနေတယ်။

" ဟုတ်တယ်။ ဒါက ကျွန်မရဲ့ ကြောင် ပဲစေ့လေးပါ။ " ယန်ဟွမ်က ပဲစေ့လေးရဲ့ အမြီးကို ဆော့ရင်း ပြောလိုက်တယ်။

လျန်ချန်ကလဲ ကြောင်ချစ်တဲ့သူဖြစ်တယ်။ သူမက ပဲစေ့လေးရဲ့ ခေါင်းပေါ်က အမွေးပွပွလေးတွေကို ညင်သာစွာ ဖွလိုက်ပြီး " ပဲစေ့လေးကို ရက်အနည်းငယ်လောက် အစ်မကို ပေးထားရင်ရော ဘယ်လိုလဲ။ အခု အစ်မနေရာမှာ ပွားနေတဲ့ နေရာမသိတဲ့ ကြွက်တွေကို ဖမ်းဖို့ အစ်မ ဒီကြောင်လေးကို သုံးလို့ရတာပေါ့။ "

" အဲ့ကြွက်တွေကို သွားဖမ်းရအောင်လေ။ နင်ရော ဘာပြောချင်လဲ။ " လျန်ချန်က ပဲစေ့လေးရဲ့ ခြေဖဝါးလေးတွေကို ညစ်လိုက်တယ်။ ယန်ဟွမ်က ပြန်တောင်မဖြေရသေးဘူး လျန်ချန်က သူမလက်မောင်းထဲမှာ ပဲစေ့လေးကို ပွေ့ပြီး ဖြေးဖြေးချင်းလမ်းလျှောက်သွားတော့တယ်။

ယန်ဟွမ်က လျန်ချန့်ကို ပြောချင်နေတယ်။ ပဲစေ့လေးက ကြွက်ဖမ်းတဲ့နေရာမှာ တအားဆိုးဝါးတာပဲဆိုတာကိုပေါ့။ ဒီကြောင်က ကြွက်ဖမ်းဖို့ အရမ်းပျင်းပြီး ကြောက်နေတာလေ။ ဒါပေမဲ့ သူမ ကောင်းတာပဲ တွေးလိုက်တယ်။ ပြောမဲ့အစား လျန်ချန့်ဆီကို ကြောင်စာနဲ့ ဘူးသေးသေးလေးကိုပဲ ပို့ပေးလိုက်တော့တယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now