အပိုင်း(၁၉၂) ကြောင်ကိုဘယ်သူမှ အစာမကျွေးကြဘူး

2.9K 402 10
                                    

Unicode
" အဲ့တာက ဆရာမဖန်းရဲ့ ရည်းစားလေ။ သူက အရမ်းချောပြီး အရမ်းလဲ ယောက်ျားဆန်တာပဲ။ သူက ငါ့အကြိုက်ပဲ။ သူက ချမ်းသာတဲ့သူဌေးတစ်ယောက်နဲ့တူတယ်။ "

" ဟမ်? ချမ်းသာတဲ့သူဌေး ဟုတ်လား? သူက စစ်ဆေးရေးမှူးဟဲ့။ သူဌေးက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သူက စစ်ဆေးရေးမှူးကို တွေ့ရင် ခေါင်းညွတ်ရတယ်ဟဲ့။ "

" ဒါပေမဲ့ သူက ကုန်းကုန်းနဲ့တူတယ်... "

နောက်ထပ်ကျောင်းသားတစ်ယောက်က အသံတိုးတိုးလေးနဲ့ ရေရွတ်လိုက်တယ်။ " ငါတို့ စုန်းမအိုကြီးက ဘုရင်မဖြစ်သွားတာလား?? သူမနောက်ကို အမြဲတမ်းလိုက်ပေးပြီး သူမကို စားစရာသောက်စရာတွေ တည်ခင်းပေးတဲ့ ကုန်းကုန်းတစ်ယောက်တောင်ရှိနေတယ်။ သူက သူမ အီးအီးပါရင်ရော စောင့်ပေးလား မသိဘူး။ "

လုရိက ရုတ်တရက် လမ်းလျှောက်တာကို ရပ်လိုက်တယ်။ ပြီးတော့ သူက သူ့ရဲ့အနက်ရောင် Hummer ကားဆီပြန်လျှောက်သွားပြီး ကားတံခါးကိုဖွင့်ကာ မောင်းထွက်သွားတယ်။

ကောင်မလေးတွေက ဆရာမဖန်းကို အားကျနေကြပြီး ကောင်လေးတွေကတော့ ကားကို မနာလိုဖြစ်နေကြတယ်။

မိန်းကလေးတွေက BMW မောင်းနိုင်တဲ့ ရည်းစားတစ်ယောက်ကို အမြဲလိုချင်ကြပြီး ယောက်ျားလေးတွေကကျ BMW ကိုမောင်းပြီး အနုပညာရှင်နဲ့တူတဲ့ မိန်းကလေးမျိုးကို မောင်းပို့ပေးချင်တာလေ။

လုရိ အချိန်ကို ကြည့်လိုက်တယ်။ အချိန်က ၈နာရီတောင်ရှိတော့မယ်။ ကောင်းရော သူအိပ်ဖို့ အချိန်မရှိတော့ဘူး။

သူက ကားကို ကားပါကင်ကိုပဲ တိုက်ရိုက်မောင်းသွားလိုက်တယ်။ သူ့မျက်လုံးအောက်မှာ မျက်ကွင်းညိုတွေက အရမ်းသိသာနေတယ်။ ပြီးတော့ အိပ်ရေးမဝလို့ သူ့မျက်လုံးတွေကလဲ နီရဲနေတာပဲ။ သူရေတစ်ခွက်ငဲ့လိုက်တယ်။ မနက်စာ ဘာမမစားရသေးဘူးလေ။ သူရေခွက်ကို ပါးစပ်နားတေ့လိုက်တော့ အဲ့ကျမှ သူသတိရလိုက်တယ်။ သူကြောင်လေးကို အစာမကျွေးခဲ့ရဘူးဆိုတာပေါ့။

သနားစရာကောင်းတဲ့ ပဲစေ့လေးကတော့ သူမနိုးလာတဲ့အချိန်မှာ သူမသခင်ကိုရှာဖို့အတွက် အပေါ်ခုန်တက်ကြည့်လိုက် အောက်ပြန်ဆင်းလိုက်နဲ့ လုပ်နေရရှာတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now