အပိုင်း(၁၂၅)အရင်ဘဝက လှေလံ၂ဖက်နင်းတဲ့အကောင်

4.6K 483 5
                                    

Unicode
အမျိုးသမီးတစ်ယောက်က အသက်အရွယ်တစ်ခုကိုရောက်လာပြီဆိုရင် အများကြီးစတွေးလာပြီး အနုပညာလောက ကနေ အနားယူဖို့ စိတ်ကူးတွေရလာကြတယ်။ ဒီလိုဖြစ်လာပြီဆိုတာနဲ့ ဘယ်သူကအသစ်လေးလဲ၊ ဘယ်သူက နာမည်ကြီးနေလဲ၊ ဆုရမှာလား မရဘူးလား ဒါတွေက သူမနဲ့တစ်စက်  ကလေးမှတောင် မဆိုင်တော့ဘူး။

ကြည့်ရတာ ယွဲ့လွမ် အင်တာတိန်းမန့်က ရတနာတစ်ခု ရလိုက်တယ်ထင်ပါရဲ့။

ယန်ဟွမ်ခဏလောက်နားပြီးတော့ makeup artist ကလာပြီး အလှပြန်ပြင်ပေးတယ်။

" မိန်းကလေးယန်က အသားအရေအရမ်းကောင်းတာပဲ။ အဆီမပြန်လွယ်လို့ မိတ်ကပ်လဲ အကြာကြီးခံတယ်။ ဒါ ကျွန်မအတွက် တော်တော် စိတ်ပူရတာသက်သာစေတယ်။ " makeup artist ကပြုံးလိုက်တယ်။ ဒီလောက်လှတဲ့မင်းသမီး... သူမမျက်နှာက အမဲစက် လုံးဝကိုမရှိတာ။ ပြီးတော့ အသားအရေကလဲ သေအောင်ကောင်းတာ။ သူမက foundation နဲနဲဆို နဲနဲ လိမ်းပေးရင်ရနေပြီ။

ယန်ဟွမ်က ဘာစကားမှမပြောဘဲပြုံးပြလိုက်တယ်။ သူမက အခုမှ အသက်၂၀ပဲ ရှိသေးတာလေ။ အသားအရေကအခုထိ
ကောင်းနေသေးတယ်။ ဒါပေမဲ့ သူမမှတ်မိသေးတယ်။ အရင်ဘဝတုန်းက သူမက အသက်၂၆နှစ်မှာတင်ကို ၃၅နှစ်ပုံကြီးပေါက်နေပြီဆိုတာကိုလေ။

သူမ မတ်တပ်ရပ်လိုက်တယ်။ လက်ထောက်က သူမအင်္ကျီကို ပြန့်အောင်လုပ်ပေးတယ်။ ပြီးတော့ သူမ scene2 ကို စရိုက်တယ်။

ပထမပိုင်းတွေမှာ သူမအခန်းတွေချည်းပဲ။ လျန်ချန်က အပိုင်း၅နောက်ပိုင်းမှပေါ်လာမှာ။ ဒီနည်းနဲ့ ချင်းယောင်က အသာစီးရနိုင်တယ်လေ။ ဒါ့ကြောင့်လဲ ချင်းယောင်နေရာကို လိုချင်ကြတဲ့ မင်းသမီးတွေများတာပေါ့။

ချင်းယောင်က ခြေဗလာ နဲ့ပဲ လျှောက်လာတယ်။ ကင်မရာက သူမအပေါ်မှာပဲ ရှိနေတယ်။ သူမ ဖိနပ်တစ်ရံကိုစီးလိုက်တယ်။ သူမ အထဲကို ဝင်လာတဲ့အချိန်မှာ ချင်းရှန်းဂိုဏ်းရဲ့ အိမ်တော်ထိန်းက လက်တွေကို အနောက် မှာ ထားထားပြီး မတ်တပ်ရပ်နေတယ်။ သူ့ဘေးမှာ သတိမေ့နေတဲ့ ကောင်လေးတစ်ယောက်ရှိနေတယ်။

အဲ့ဒါသူလား? ချင်းယောင်က မျက်တောင်ခတ်လိုက်တယ်။ သူမရဲ့ ကြည်လင်နေတဲ့ မျက်လုံးထဲမှာ တစ်စုံတစ်ခု ဖြတ်ခနဲ ပြေးသွားတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now