အပိုင်း(၁၁၁)အောင်သွယ်ခြင်း

5K 514 10
                                    

Unicode
သူ သူ့မျက်နှာသူ ထိကြည့်လိုက်တယ်။ လူအားလုံးက သူ့ကို အဲ့လိုမြင်နေကြတာလား။ သူကလဲ အဲ့တာကို မငြင်းနိုင်ပါဘူး။

သူ့ရဲ့ အရင်က ကောင်မလေးတွေအကုန်လုံးက ရက်အနည်းငယ်အပြင်ပိုမခံဘူး။ သူတို့အကုန်လုံးက တစ်ပတ်တောင်မရှိသေးကြဘူး သူ့ကို လမ်းခွဲဖို့ပြောကြတော့တာပဲ။

သူတို့တွေအကုန်လုံး သူ့ကိုပြောခဲ့တဲ့စကားလုံးတွေကလဲ တစ်ပုံစံထဲချည်းပဲ။ " ရှင်က ရည်းစားတစ်ယောက် မဟုတ်ဘူး။ ရှင်က စိတ်ခံစားချက်ဆိုတာမရှိတဲ့ ဘာမှမခံစားတက်တဲ့ ကျောက်တုံးကြီးပဲ။ ရှင်က မိန်းကလေးတစ်ယောက်ကို ဘယ်လိုပျော်ရွှင်အောင် လုပ်ပေးရမယ်ဆိုတာ ရှင်မသိဘူး။ " တဲ့လေ။

သူက အဲ့တာကို နားမလည်နိုင်ဘူး။ သူက သူမတို့လိုအပ်တာတွေ သူမတို့ ကြိုက်တက်တဲ့အရာတွေကို မှတ်ထားပြီး သူမတို့ကို တိတ်တိတ်လေးပေးခဲ့တာပဲ။ သူက အရမ်းကြီးအကျယ်မချဲ့တာပဲရှိတာလေ။ သူမတို့က မပျော်ရွှင်ကြဘူးလား။ တစ်ခြားယောကျာ်းတွေရဲ့ အပိုစကားတွေ၊ စိတ်ရင်းမပါတဲ့ စကားချိုချိုလေးတွေနဲ့ မတည်နိုင်တဲ့ ကတိတွေနဲ့ ယှဥ္လိုက်ရင် သူတိတ်တိတ်လေးလုပ်ပေးခဲ့တဲ့ အရာတွေက လုံးဝတန်ဖိုးမရှိခဲ့ဘူးလား။

သူ့မှာ ရည်းစားတွေအများကြီးရှိခဲ့ဖူးတယ်။ ဒါပေမဲ့သူက စကားဆွေလျှောက်ပြောတက်တဲ့ လူရှုပ်လူပွေတော့မဟုတ်ဘူး။ သူ့ရဲ့အဲ့ဒီ့
' ကောင်မလေး ' ဆိုတာတွေအားလုံးက သူ့အမေ သူ့အတွက်စီစဥ္ပေးခဲ့တာချည်းပဲ။ သူက သူ့အမေကို စိတ်မပျက်စေချင်ဘူး။ အဲ့တော့ သူက အဲ့ဒီ့ကောင်မလေးတစ်ယောက်ချင်းစီတိုင်းကို သူအပေးနိုင်ဆုံး စိတ်ရင်းနဲ့ လေးစားမှုပေးပြီး ဆက်ဆံခဲ့တယ်။ တစ်ကယ်တော့ သူက သူမတို့တွေအားလုံးကို သူ့အလုပ်လိုမျိုး ဆက်ဆံခဲ့တာပဲ။ အဲ့တာ သူပေးနိုင်တဲ့ အကြီးမားဆုံး ဂုဏ်သိက္ခာပဲ။ သူက အမြဲတမ်းအသေးစိတ်ကအစ သေချာတိကျတယ်။ သူက အရာအားလုံး perfect ဖြစ်တယ်ဆိုတာသေချာအောင် အမြဲလုပ်တယ်။ ဒါပေမဲ့လဲ အခုထိ ဘယ်မိန်းကလေးကမှ သူ့ကို မကြိုက်သေးဘူး။

လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ ယဲ့ရှုယွမ်က သူမသားကို ကောင်မလေးတွေ ထပ်ပြီး မိတ်ဆက် မပေးတော့ဘူး။ အဲ့တာဘာလို့လဲဆိုတော့ သူမရဲ့ အားထုတ်မှုတွေအကုန်လုံးက အလဟဿ ဖြစ်သွားတယ်ဆိုတာ သူမ သိလိုက်ရလို့ လို့ လုရိကတော့ သံသယရှိတယ်။ ပြီးတော့ သူမကိုယ်တိုင်က သူမသားကို ပေါ့ပေါ့တန်တန် လူရှုပ်လူပွေဖြစ်အောင် လုပ်မိသွားမှာ ကြောက်လို့ လို့ထင်တယ်။ သူမသားက ဘယ်တုန်းကမှ တစ်ကယ်မချစ်ခဲ့ဖူးဘူး။ ဒါပေမဲ့ သူမဝင်နှောင့်ယှက်လို့ သူမသားမှာ အခု ရည်းစားဟောင်းတွေ တသီတသန်းကြီးရှိနေပြီ။ တစ်ကယ်လို့ သူ့ကို လူရှုပ်လူပွေလို့ အထင်မှားနိုင်စေတဲ့ သူ့ရဲ့ အဲ့ဒီ့ ရည်းစားဟောင်းသမိုင်းကြောင်းကြီးကြောင့် မိန်းကလေးတွေက သူ့ကို ရှောင်ကုန်ကြရင် ဘယ်လိုလုပ်မှာလဲ။ အဲ့ဒါဆိုရင် သူမ ချွေးမရဖို့ မျှော်လင့်ချက်လေး တစ်သက်လုံး ရေစုန်မျောသွားမှာ မလား။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now