အပိုင်း(၈၇) ဘယ်သူမှမရှိဘူး

4.8K 605 9
                                    

Unicode
" ကဒ္! " ဒါရိုက်တာကအော်လိုက်တယ်။ ပြီးတော့ ဟုန်ယောင်ရဲ့ နောက်ဆုံးအပြုံးကြောင့်ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။

သူမကတော့ ပြုံးနေခဲ့တာပဲ။ ဒါပေမဲ့ သူက ဖော်မပြလိုက်လောက်တဲ့ ဝမ်းနည်းမှုတွေကို ခံစားရတယ်။

ဟုန်ယောင်ရဲ့အခန်းတွေအကုန်လုံးက ပြီးသွားပြီ။ အဲ့တော့ ယန်ဟွမ်လဲ ဒီဒရမ်မာ တီဗွီမှာ မပြခင်အထိ လုပ်စရာအလုပ်မရှိဘူး။

" သွားကြမယ် " သူမပစ္စည်းတွေကိုသယ်ရင်းနဲ့ ယန်ဟွမ်က ဒီနေရာကို မခွဲနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့လဲ သူမအတွက် နောက်ထပ်အခန်းမကျန်တော့ဘူးလေ။ ဇာတ်လမ်းက ကျန်တာဆိုလို့ ဇာတ်လိုက် မင်းသားနဲ့ မင်းသမီးအပိုင်းတွေပဲ ရှိတော့တာ။

သူတို့အိမ်ပြန်ရောက်တော့ ရီလင်းက ဒီအတိုင်းထိုင်မနေဘူး။ သူမ အေဂျင်စီကို တိုက်ရိုက်သွားပြီး သူတို့က ယန်ဟွမ့်အတွက် နောက်ထပ် ဘာအလုပ် စီစဥ္ထားတာရှိလဲဆိုတာ သွားမေးတယ်။

" သူတို့က နင့်အတွက် ရိုက်ကူးရေးထပ်ပြီး မစီစဥ္ထားဘူး။ ဘာလို့လဲဆိုတော့ ဒါရိုက်တာကျင်းရဲ့ ဒရမ်မာအသစ် Journey to Fairyland က နောက်ဧပြီကျရင် စရိုက်တော့မှာမလို့လေ။ နင်က ပထမဇာတ်လိုက်မင်းသမီးနေရာတော့ မဟုတ်ပေမဲ့ ဒါရိုက်တာကျင်းက နင့်ကို ဒုတိယဇာတ်လိုက်နေရာမှာ သရုပ်ဆောင်စေချင်တာ။ "

ဒုတိယဇာတ်လိုက် မင်းသမီးနေရာ! ယန်ဟွမ် မှတ်မိတာကတော့ Journey to Fairyland ထဲက ပထမဇာတ်လိုက် မင်းသမီးက အငယ်လေး။ အဲ့နေရာကို သရုပ်ဆောင်မှာက ဟိုးအရင်ထဲက ဒရမ်မာတွေအများကြီးရိုက်ဖူးတဲ့ နာမည်ကြီးမင်းသမီး လျန်ချန်ပဲ။ သူမက အသက်၃၀နားရောက်နေတဲ့ စီနီယာတစ်ယောက်ဆိုပေမဲ့ အရမ်းအရွယ်တင်တယ်။ သူမအတွက် ၁၈နှစ်အရွယ်မိန်းကလေးတစ်ယောက်ပုံကို သရုပ်ဆောင်ရတာ အရမ်းလွယ်တယ်။ ဝိန်သုန်းနီက ဒုတိယဇာတ်လိုက်မင်းသမီးနေရာကို သရုပ်ဆောင်ခဲ့တာ။ ဒါပေမဲ့ အခုသူမ(ယန်ဟွမ်)မရှိလဲ ဒါရိုက်တာကျင်းက ဝိန်သုန်းနီကို သရုပ်ဆောင်အဖြစ်ခေါ်မှာမဟုတ်ဘူး။ ဝိန်သုန်းနီက နာမည်ကြီးတယ်ဆိုပေမဲ့ သရုပ်ဆောင်တာ မကောင်းဘူး။ သူမက တစ်ဖြေးဖြေးနဲ့ ဒီသရုပ်ဆောင်လောကကနေ အပယ်ခံရမှာပဲ။ ဘယ်ဒါရိုက်တာမှ အဲ့လိုမင်းသမီးမျိုးကို သုံးချင်မှာမဟုတ်ဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now