အပိုင်း(၁၉၃) အသက်ငယ်တာကောင်းတယ်

2.9K 417 7
                                    

Unicode
ဒါပေမဲ့ ယန်ဟွမ်က ဒီလောက်အချိန်တိုအတွင်းမှာ နာမည်ကြီးလာလိမ့်မယ်လို့တော့ သူဘယ်တုန်းကမှ ထင်ခဲ့မိဘူး။ သူမက ဒရမ်မာ၂ခုရိုက်ပြီး သွားတာနဲ့ အမြင့်ကိုခုန်တက်သွားတော့တာပဲ။ သူမပါတဲ့ ဒရမ်မာ၂ကားလုံးကလဲ နာမည်လဲကောင်းတယ် ပြီးတော့ rating တွေလဲ မြင့်တယ်လေ။ သူက ဒီလိုအခြေအနေရောက်အောင် ဟိုးအစကထဲကနေ အခုထိ ၁၀နှစ်လောက်တောင် အချိန်ယူခဲ့ရတာလေ။ သူမက အခုမှ အသက်၂၁နှစ်ပဲ ရှိသေးတယ်။ သူမက နောက်၃နှစ်လောက်ဆိုရင် ကြောက်စရာကောင်းလောက်အောင် နာမည်ပေါက်နေတော့မှာပဲ။

ယန်ဟွမ်က ပြုံးလိုက်တယ်။ " စီနီယာလဲ လာပြီး ဒီဒရမ်မာကို ရိုက်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး။ "

သူ့ကို စီနီယာလို့ခေါ်တာ မှန်တယ်။ ဘာလို့လဲဆိုတော့ သူတို့၂ယောက်လုံးက ယွဲ့လွမ်အင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ထားတာပဲလေ။ ယွမ်ကွမ်းက သူမထက် အနုပညာလောကထဲရောက်တာ ပိုစောတယ်။ သူကအခုတော့ ယွဲ့လွမ်ကနေ ထွက်သွားပြီး ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ထားတယ်ဆိုပေမဲ့ သူက အစတုန်းကတော့ ယွဲ့လွမ်က လူပဲလေ။ ဒါကအမှန်တရားပဲ။ အဲ့တာကြောင့် ယန်ဟွမ်က သူ့ကိုစီနီယာလို့ ခေါ်လို့ရတယ်။

" ငါကလဲ အချိန်ဇယားက လွတ်နေတာနဲ့ တိုက်သွားလို့လေ "

ယွမ်ကွမ်းက ယန်ဟွမ့်အပေါ် impression ကောင်းကောင်းရှိတယ်။ သူမက သရုပ်ဆောင်အရည်အချင်း ကောင်းကောင်းရှိတဲ့ ကောင်မလေးတစ်ယောက်လေ။ သူမက နှိမ့်ချတက်တယ်၊ အလုပ်လဲကြိုးစားတယ်၊ ကြင်လဲကြင်နာတက်တယ်၊ ပြီးတော့ ပင်ပန်းကြမ်းတမ်းတာကိုလဲ ခံနိုင်ရည်ရှိတယ်။

သူပြောသွားတဲ့ သူမရဲ့ အားသာချက်တွေက ယန်ဟွမ်၂ဘဝလုံးပေါင်းလာပြီးမှာ ရလာတဲ့ဟာတွေပါ။ သူမက လူတွေနဲ့ ရင်းရင်းနီှးနီှးမနေရဲဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ပြဿနာဖြစ်လာနိုင်တယ်လေ။ ပြီးတော့ သူမက သူ့တို့ကို သွားပြီး ရန်သွားမစရဲဘူး။ ပြဿနာတွေဆီကနေ ပုန်းရှောင်တာပဲ လုပ်နိုင်တယ်။

Palace Imperial Concubine ရဲ့ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးကိုတော့ ယန်ဟွမ်က အရင်ကထဲက သိပြီးသား။ အရင်ဘဝကနဲ့စာရင် ဘာမှသိပ်ကွာမသွားပါဘူး။ သူမတစ်ယောက်ပဲ ဒီဒရမ်မာမှာ လူသစ်တစ်ယောက်လေ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now