အပိုင်း(၁၀၆)အလှလေးက ယောကျာ်းလေးလို နေနေတယ်

4.8K 501 4
                                    

Unicode
" ကျွန်မ အိမ်မှာ လုပ်စရာလေးရှိနေလို့ပါ။ " ယန်ဟွမ် မတ်တပ်ရပ်လိုက်ပြီး သူမအခန်းထဲလျှောက်သွားတယ်။ " ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ တောင်းပန်ပါတယ် လူကြီးမင်းယန်။ ပြီးတော့ ကျွန်မ ရှင့်ရဲ့ ကြင်နာမှုတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုကိုတော့ လက် မခံနိုင်ပါဘူး။ "

ယန်လီရှုန်းက ယန်ဟွမ်တောင်းပန်တာကို ရလိုက်ပေမဲ့ သူစိတ်တိုလွန်းလို့ လက်ထဲက ဖုန်းကိုတောင် လွှင့်ပစ်ချင်စိတ်ပေါက်နေပြီ။ အဲ့ဒါဆို မင်းက ဒီလိုမြူစွယ်လို့ ပါမလာဘူးပေါ့။ ကောင်းပြီလေ။ သူက နှာမှုတ်လိုက်တယ်။ အဆုံးသတ်မှာ ဘယ်သူရယ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။

" ယန်ဟွမ် မင်းတစ်နေ့မှာ ငါ့ရှေ့လာပြီး ဒူးထောက်ပြီး တောင်းပန်စေရမယ်။ မင်းက နာမည်ကြီးဖို့ရာအတွက် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်ပစ်တယ်ပေါ့။ မင်းက ဖြတ်လမ်းနည်းတွေမသုံးပဲ ဒီအတိုင်း ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်ချင်တယ်ပေါ့လေ။ မင်းအဲ့ဒါကို ဘယ်လိုလုပ်မလဲဆိုတာ ငါစောင့်ကြည့်နေမယ်။ "

ယန်ဟွမ်က စောင်ခြုံလိုက်ပြီး လက်ကို ခေါင်းအနောက်ထားကာ လှဲချလိုက်တယ်။ ဒီခရီးလမ်းက အခက်အခဲတွေ အပြည့်နဲ့ဆိုတာတော့ အသေအချာပဲ။ သူမ လှမ်းမဲ့ခြေလှမ်းတိုင်းကို သေချာဂရုစိုက်လှမ်းရမယ်။ နမော်နမဲ့နိုင်မှု သေးသေးလေးကတောင် သူမကို သေစေနိုင်တဲ့ ရိုက်ချက်ဖြစ်လာနိုင်တယ်။

အရှေ့မှာ ဝံပုလွေတွေချည်းပဲ။ ဂရုစိုက်ရမယ်။

ခေါင်းထဲမှာ နာကျင်မှုက လှိုင်းလိုမျိုးကြီး ဖြစ်လာတယ်။ သူမ မျက်ခုံးတွေကို တွန့်ချိုးပြီး ခံနေရတယ်။ သူမအရမ်းကို နာနေတယ်။ နောက်ဆုံးမှာ သူမ မျက်လုံးဖွင့်လာတော့ နေတောင်ထွက်နေပြီ။

သူမ နှဖူးကို ထိကြည့်လိုက်တော့ သူမ အပူချိန်ကျသွားတာကို သိလိုက်ရတယ်။ သူမ အဖျားပျောက်သွားပြီလား။

သူမ ဆေးကိုယူလိုက်ပြီး ၂လုံးတောင် ထပ်သောက်လိုက်တယ်။

သူမ အခန်းထဲကထွက်လာတော့ ရီလင်းက စကပ် ဝတ်ထားပြီး ခြေထောက်ကို စားပွဲပေါ်တင်ထားတာကို တွေ့လိုက်ရတယ်။ သူမရဲ့ စကပ်ကို သေချာမြင်ရအောင်လို့ ပြထားတဲ့အတိုင်းပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now