အပိုင်း (၁၄၈)မငယ်တော့ဘူး

3.8K 496 3
                                    

Unicode
" ဟွမ်ဟွမ် နင်ဘာလို့ အမြန်ကြီး လျှောက်နေရတာလဲ "

ရီလင်းက အမှီလိုက်ဖို့အတွက် ပြေးလာခဲ့တယ်။ သူမ ယန်ဟွမ် လမ်းအမြန်လျှောက်တာကို မြင်ဖူးတာ ဒါပထမဆုံးပဲ။ ပြီးတော့ အဲ့တာကလဲ ဒေါက်ဖိနပ်ကြီးနဲ့လေ။

သူမတို့ တိုက်ခန်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ယန်ဟွမ်က ပဲစေ့လေးကို အောက်ကို ချလိုက်တယ်။သူမတို့ အပြင်ရောက်နေတဲ့အချိန်မှာ သူမတို့က တိုက်ခန်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် room cleaning service ကို ခေါ်ထားတယ်။ အချိန်ကုန်သက်သာသွားတာပေါ့။ သူတို့ အချိန်ဇယားက အမြဲတမ်းကို အရမ်း ပြည့်ညှပ်သိပ်နေတာလေ။ အကယ်၍ သူမတို့ room service သာ မခေါ်ထားရင် သူမတို့ရဲ့ တန်ဖိုးရှိလှတဲ့ အိပ်ချိန်လေးတွေကို ပရိဘောဂတွေပေါ်က ဖုန်တွေကို သုတ်ဖို့အတွက် လက်လျှော့လိုက်ရလိမ့်မယ်။ ယန်ဟွမ်က အရင်တုန်းက အဲ့လိုဆိုးဝါးပြီး အိပ်ရေးပျက်ခဲ့တဲ့နေ့တွေကို ခံစားခဲ့ရပြီးပြီ။ ပြီးတော့ သူမ အတွေ့အကြုံက သူမကို အချိန်တွေကို ဘယ်လိုအသုံးချသင့်လဲဆိုတာ သင်ကြားပေးခဲ့ပြီးပြီ။ ညမှာ အိပ်ရေးကောင်းကောင်းအိပ်ဖို့ပေါ့။

ရီလင်းက ဆိုဖာပေါ် လှဲချလိုက်တယ်။ " ဟွမ်ဟွမ် ငါတို့ ညစာဘာစားကြမလဲ " သူမက ဗိုက်ကို ပွတ်လိုက်ရင်း " ငါဗိုက်အသေဆာနေပြီ "

" နင်ဘာစားချင်လဲ " ယန်ဟွမ်က ပဲစေ့လေးကို ပြန်ကောက်ချီလိုက်ပြီး ကြောင်လေးရဲ့ ခြေဖဝါးသေးသေးလေးနဲ့ ရီလင်းခေါင်းကို ပုတ်လိုက်တယ်။ သူမလဲ နည်းနည်းတော့ ဗိုက်ဆာနေပြီ။ ဒါပေမဲ့ ရီလင်းပြောသလို အသေဆာ နေတယ်ဆိုတာနဲ့တော့ တစ်ခြားစီပဲရှိသေးတယ်။

" ငါ ရိုက်ကွင်းက ပေးတဲ့ နေ့လည်စာ ထမင်းဘူးစားချင်တယ်။ " ရီလင်းက ပြောလိုက်တယ်။ ဒါက အရမ်းကို မဖြစ်နိုင်တဲ့ ပေါက်ကရ တောင်းဆိုမှုပဲ။

ယန်ဟွမ် : " ...... "

အဲ့ညနေမှာ ယန်ဟွမ်က ဦးထုပ်ဆောင်းတယ်၊ ပဝါခြုံတယ်၊ ပြီးတော့ ပါဝါမပါတဲ့ မျက်မှန်ကို တပ်ထားတယ်။ သူမက သူမကိုယ်သူမ သေသေချာချာကို ပဝါနဲ့ ပတ်ထားတယ်။ မျက်နှာအောက်ပိုင်းကို လုံးဝမပေါ်အောင်လို့ပေါ့။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now