အပိုင်း(၁၉၆) သံတုံး

2.6K 380 0
                                    

Unicode
ဘုရင်က ဘုရင်မကြီးရဲ့ သဘောထားတွေကို ကြိုမြင်နေရတယ်လေ။ ချက်ချင်းကိုပဲ သူမရဲ့ မပျော်မရွှင်ဖြစ်နေတဲ့ မျက်နာက ပြုံးသွားတယ်။ စိတ်ကလဲ ပိုပြီး လန်းဆန်းလာတယ်။ ခုနတုန်းက သူမတစ်ခြားသူတွေကို ပေးခဲ့တဲ့ ဖိအားနဲ့တင်းအားတွေကလဲ မရှိတော့ဘူး။

ဘုရင်မကြီးက ကောင်မလေးတွေစာရင်းကို လှန်ကြည့်လိုက်တယ်။ သူမက သိပ်မကြည့်ပါဘူး။ နည်းနည်းပဲ ကြည့်လိုက်ပြီး စာရင်းကို ထောင့်တစ်နေရာမှာ ထားလိုက်တယ်။ သူမက နာမည်တွေတောင် သေသေချာချာဖတ်မှာမဟုတ်လောက်ဘူး။ ဒီသဘောက ဘုရင်က ဘယ်သူ့ကိုပဲ ယူယူ ဘုရင်မကြီးက သူ့ကို တားမှာ မဟုတ်ဘူးဆိုတဲ့သဘောပဲ။

သူက သူမသားဖြစ်တယ်ဆိုပေမဲ့လဲ သူက ဒီတိုင်းပြည်ကိုအုပ်ချုပ်ရတဲ့လူတစ်ယောက်ဆိုတာကိုလဲ သူမသေသေချာချာ သိနေတယ်လေ။

သူမ သူ့ကို သွားတားလို့မရဘူး။

အဲ့အချိန်မှာ သူမမျက်နှာပေါ်ကို နွေးထွေးတဲ့အလင်းရောင်လေးတစ်ခု ကျရောက်လာတယ်။ သူမမျက်လုံးထောင့်က အရေးအကြောင်းတွေကလဲ ပိုပိုပြီး ရှင်းလင်းလာတယ်။ ဒါပေမဲ့ သူမမျက်လုံးထဲကို ကျရောက်သွားတဲ့ အလင်းရောင်ကတော့ နူးညံ့တယ်။

သူမရဲ့ငွေရောင်ဆံနွယ်တွေက သူမက ငြိမ်းချမ်းတဲ့လူကြီးဆိုတာကို ပိုပြီး ပေါ်လွင်စေတယ်။ ဒါပေမဲ့ သူမမျက်လုံးထဲက ဥာဏ်ပညာအမြော်အမြင်တွေနဲ့ ပြည့်နေတဲ့ အလင်းရောင်ကိုတော့ ဘယ်သူမ လျစ်လျူရှုလို့မရဘူး။

ဒီနန်းတွင်းထဲမှာ တော်တဲ့လူတွေအများကြီး ရှိတယ်။ ဥာဏ်ကောင်းတဲ့ ကောင်မလေးတွေလဲ အများကြီးပဲ ရှိတယ်။ ဒါပေမဲ့ ဘုရင်မကြီးကမှ တစ်ကယ့် အတော်ဆုံးတစ်ယောက်ပဲ။ သူမက အရာတော်တော်များများကို ဖောက်ထွင်းသိမြင်နိုင်တယ်။ အဲ့တာကလဲ သူမကို တစ်ခြားသူတွေထက်ပိုသာစေတဲ့ အချက်ပဲလေ။

ဘယ်လောက်ပဲ အခြေအနေတွေက ရှုပ်ထွေးနေပါစေ အဲ့တာတွေက သူမခံစားချက်တွေကို မထိခိုက်စေနိုင်ဘူးလေ။

ရီလင်းက ကုတ်အင်္ကျီနဲ့ ယန်ဟွမ့်ကို ပတ်ပေးလိုက်တယ်။ " ဘယ်လိုနေလဲ။ အရမ်းအေးနေလား။ ဒီနေ့ပိုအေးလာတယ်။ ပြီးတော့ နင်က ပါးပါးလေးဝတ်ထားရတာ။ နင်အေးနေရောပေါ့။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now