အပိုင်း(၇၆) ငါတို့ပျော်ရွှင်မှာပါ

4.9K 617 12
                                    

Unicode
" ငါတို့အိမ်ပြောင်းတော့မယ် " ယန်ဟွမ်က ပဲစေ့လေးကို လက် မောင်းထဲမှာပွေ့ထားရင်းပြောလိုက်တယ်။ သူမ ပဲစေ့လေးကို မွေးစားခဲ့တာ တစ်လတောင်​ကျော်လာပြီ။ အရင်တုန်းက သေးသေးကွေးကွေးလေးနဲ့ ဝမ်းနည်းစရာကောင်းတဲ့ မျက်လုံးလေးတွေနဲ့ကြည့်တက်တဲ့ ကြောင်လေးက အခုတော့ တောက်ပတဲ့ အပြာရောင်မျက်လုံးတွေနဲ့ ဝဝတုတ်တုတ်နဲ့ လှပတဲ့ ကြောင်လေးတစ်ကောင်ဖြစ်နေပြီ။ သူက ပြီးတော့ အရမ်းလဲ သိတတ်တယ်။ သူရဲ့ ခြေသည်းလက်သည်း သေးသေးလေးတွေကို အမြဲ ဝှက်ထားတက်ပြီး ပရိဘောဂပစ္စည်းတွေကို တစ်ခါမှ မကုတ်ခြစ်ဖူးဘူး။

ရီလင်းရဲ့ ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးက ဆိုဒ်အမျိုးမျိုးနဲ့အိတ်တွေနဲ့ ဖုံးနေတယ်။ သူမက သယ်နိုင်သလောက် အကုန်ကို သယ်ထားတယ်။ ယန်ဟွမ်ကတော့ ခရီးဆောင်အိတ်သေးသေးလေးတစ်လုံးကိုပဲ သယ်နိုင်တယ်။ သူမ လက်တစ်ဖက်က ကြောင်လေးကို ပိုက်ထားရသေးတာကိုး။

" ငါတစ်ခုမေ့နေတာ " သူတို့လမ်းလျှောက်လာတာ တော်တော်ဝေးဝေးကို ရောက်လာတော့မှ ရီလင်းက ရုတ်တရက် ရပ်လိုက်ပြီး အထုတ်တွေအကုန်လုံးကို မြေကြီးပေါ်  ပစ်ချလိုက်တယ်။

" ဘာကြီးလဲ " ယန်ဟွမ်က သူတို့ ဘာများမေ့ကျန်ခဲ့တာလဲဆိုတာ စဥ္းစားလို့မရဖြစ်နေတယ်။ ပစ္စည်းအကုန်လုံးကို ယူလာခဲ့တာမှန်းတော့ သူမသေချာတယ်။ သူတို့ တစ်ညလုံး သေသေချာချာ ထုတ်ပိုးခဲ့တာ။ ပြီးတော့ မနက်ခင်းတုန်းကလဲ ပစ္စည်းတွေမကျန်ခဲ့ရအောင်လို့ စာရင်းနဲ့တောင် သေချာပြန်စစ်ထားတာပဲ။ ဘာများကျန်သေးလို့လဲ။

ရီလင်းက သူမရဲ့လက်တွေကို တင်ပါးပေါ်တင်လိုက်တယ်။ " ငါ ဘေးအိမ်ကလူတွေကိုပြောဖို့မေ့နေခဲ့တာ။ သူတို့ညကျရင် အသံကျယ်ချင်သလောက်ကျယ်လို့ရပြီလို့လေ။ "

ယန်ဟွမ်ရဲ့ တိတ်ဆိတ်ခြင်းက သူမရဲ့တစ်ခုတည်းသော အဖြေပဲ။

နောက်ဆုံးတော့လဲ ရီလင်းက ပြန်လှည့်ပြီး အိမ်နီးချင်းတွေကို သူတို့အိမ်ပြောင်းတော့မယ်ဆိုတဲ့အကြောင်းကို မပြောခဲ့ပါဘူး။ သူမသယ်လာတဲ့ ပစ္စည်းတွေကိုတာက အများကြီးပဲကို။ အဲ့တာလေးပြောဖို့အတွက်နဲ့ အထုတ်တွေကို သယ်ပြီး အဲ့ဒီ့ကိုပြန်သွား ပြီးရင် ပြန်လာ ရမှာ အချိန်ကုန်လူပင်ပန်းတယ်။ အရူးပဲအဲ့လိုလုပ်မှာ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now