အပိုင်း(၃၆) နင့်ဉက ကွဲသွားပြီ

5.4K 660 1
                                    

Unicode

အဲ့ဒါသူပဲ......

အဲ့ဒါသူ.......

လုရိပဲ .......

သူလမ်းလျှောက်သွားတာ အဝေးကြီးရောက်ပြီဆိုမှ သူမ ထလာခဲ့တယ်။ ကြောင်လေးကို ကြောင်စာနဲ့မြှားပြီး ဖြည်းဖြည်းချင်းကပ်သွားလိုက်တယ်။ ပြီးမှကြောင်စာကို ထောင့်လေးမှာထားလိုက်တယ်။

ကြောင်က သူမကို မြင်တော့ 'မြောင်' လို့အော်ပြီး သူမခြေထောက်ကို သူ့ခေါင်းနဲ့ လာပွတ်တယ်။

ယန်ဟွမ်က သူမလက်ကို ထုတ်လိုက်ပြီး ကြောင်ရဲ့ ခေါင်းလေးကို သာသာလေးပွတ်ပေးလိုက်တယ်။

" ငါ အမြဲတမ်းထင်နေတာက လူစိတ်မရှိတဲ့ အသည်းနှလုံးမရှိတဲ့ လုမိသားစုထဲမှာ လုရိက သွေးအအေးဆုံးလို့လေ။ သူကခံစားချက် ဆိုတာ ဘာလဲဆိုတာကို မသိတဲ့လူလို့လေ။ အခုမှ ငါသိလိုက်ရတာက လူတွေက သူတို့ကြင်နာတာတွေ၊ ရက်စက်တာတွေကို မျက်နှာပေါ်မှာ ဖော်ပြမထားဘူးဆိုတာပဲ။ "

" နင်လဲ သဘောတူတယ်မလား။ " သူမ ခေါင်းလေးကို ထပ်ပွတ်ပေးလိုက်ပြီး ခွက်ထဲကို နွားနို့လေးထည့်ပေးလိုက်တယ်။ " ဒါကိုသောက်လိုက်နော်။ ငါနင့်ကို မနက်ဖြန်ကျမှ ထပ်လာတွေ့မယ်။ "

ကြောင်မကြီးက ခေါင်းကို ငုံ့ပြီး ခွက်ထဲက နွားနို့ကို လျက်သောက်နေတယ်။ ယန်ဟွမ်က အများကြီးထည့်ပေးထားခဲ့တာပဲ ဒီတစ်ည သောက်ဖို့တော့ လောက်မှာပါ။ သူမအခုတစ်လော ဘာမှလုပ်စရာမရှိတော့ ဒီနေရာကို မကြာခဏလာဖြစ်တယ်။ အနောက်က ပုံးထဲကနေ 'မြောင်' ဆိုတဲ့ အသံလေးတွေထွက်လာတယ်။ ကြောင်ပေါက်လေးတွေအော်နေတာနေမှာ။ ကြောင်အမေကြီးက သူတို့ကို ချီခေါ်ပြီး ထွက်သွားမှာစိုးလို့ သူမ အဲ့နေရာကို လှမ်းတောင်မကြည့်ရဲဘူး။ ဒီကြောင်ပေါက်လေးတွေ အသက်ရှင်ပါ့မလားဆိုတာ သူမစိုးရိမ်နေတယ်။ တစ်ကယ်လို့ သူတို့ နေရာပြောင်းသွားရင် သူမ ဘယ်မှာ လိုက်ရှာရတော့မှာလဲ။

သူမ ကြောင်စာနဲ့နွားနို့ကို မြေကြီးပေါ်ချခဲ့လိုက်တယ်။ တစ်ကယ်လို့ လမ်းသွားလမ်းလာတွေက တွေ့ရင် အစာကျွေးလို့ရအောင်လို့ပေါ့။ အချိန်လဲ သိပ်မကုန်ပါဘူး ဟုတ်တယ်မလား။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now