အပိုင်း(၇၄)တောင်းဆိုချက်

4.9K 660 3
                                    

Unicode
သူမတို့နှစ်ယောက် ယွဲ့လွမ် အင်တာတိန်းမန့်ဆိုတဲ့ ရုံးအဆောင်အဦးအရှေ့ကိုရောက်တော့အပေါက်ဝမှာ သူတို့ကို လာကြိုပေးတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အဲ့ဒီ့လူက ယန်ဟွမ့်ကို သေချာ ခြုံကြည့်နေတယ်။ ရွယ်တူ တစ်ခြားသရုပ်ဆောင်အသစ်တွေနဲ့ မတူတာက သူတိတ်တဆိတ်ကြည့်ပြီးအကဲဖြတ်နေတာကို သူမက လုံးဝ စိတ်လှုပ်ရှားတဲ့ပုံစံလဲ မပြဘူး၊ သက်တောင့်သက်တာမဖြစ်တဲ့ပုံစံလဲ မပြဘူး။ အဲ့အစားသူမက သူ့ကို ချိုသာပြီး သက်တောင့်သက်တာဖြစ်တဲ့ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။ နှုတ်ဆက် မှာပေါ့ သူမက လုပ်သက်ကြာနေပြီဖြစ်တဲ့ ဒီလို တိုက်ပွဲအတွေ့အကြုံများနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဟာကို။

ရုံးခန်းထဲမှာ တစ်ယောက်က စောင့်နေတယ်။ အဲ့လူကတော့ ယွဲ့လွမ်ရဲ့ စီမံခန့်ခွဲရေးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ လီချန်ချင်းပဲဖြစ်တယ်။ သူ့ရဲ့ မျက်နှာရော နာမည်ရော နှစ်ခုစလုံးက မှတ်မိဖို့လွယ်တယ်။ သူက ယန်ဟွမ့်ကို တွေ့လိုက်တာနဲ့ မျက်လုံးတွေအရောင်လက်သွားတယ်။

" ဒါရိုက်တာကျင်းက တစ်ကယ့်ကို အမြင်ကောင်းတာပဲ။ မင်းက တစ်ကယ့်ကို ဓာတ်ပုံစားတဲ့ မျက်နှာလေးရှိတာပဲ။ မိန်းကလေးယန် မင်းက ကင်မရာထဲမှာ နေဖို့ မွေးဖွားလာတဲ့ အတိုင်းပဲ။ "

" ကျေးဇူးတင်ပါတယ် " ယန်ဟွမ်က နှိမ့်နှိမ့်ချချလေးပဲ မျက်တောင်ကို သူမရဲ့ ကြည်လင်ပြီး တောက်ပနေတဲ့ မျက်လုံးပေါ်ကို ချလိုက်တယ်။ သူမတစ်ကယ်အံ့ဩသွားတယ်။ ဒါရိုက်တာကျင်းက တစ်ကယ်ကြီး သူ့စကားကို တည်မယ်လို့ သူမ မျှော်လင့်မထားဘူးလေ။

" ဟားဟား....... " လီချန်ချင်းက ဖော်ဖော်ရွေရွေပဲ ရယ်လိုက်တယ်။ သူ့ကိုကြည့်ရတာ ကြင်နာတက်ပြီး ဆက်ဆံရလွယ်ကူတဲ့ ပုံပေါက်တယ်။ ဒါပေမဲ့ အဲ့တာက အရူးလုပ် လှည့်စားထားတယ်ဆိုတာ ယန်ဟွမ် က သူများတွေထက်ပိုပြီးသိနေတယ်။ ယွဲ့လွမ်မှာ စီမံခန့်ခွဲရေး မန်နေဂျာတစ်ယောက် လုပ်ဖို့ဆိုတာ လိမ္မာပါးနပ်ရမယ်လေ။ စီးပွားရေးသမားတွေအကုန်လုံးက မရိုးသားတဲ့ လှည့်ဖြားတက်တဲ့ မြေခွေးတွေဆိုတာ မလွဲဧကန်ပဲ။ ပြီးတော့ အနုပညာလောကထဲက စီးပွားရေးသမားတွေဆိုပိုဆိုး။ သူတို့က တစ်ကယ့်ကို နတ်ဆိုးတွေပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now