အပိုင်း(၆) လျှို့ဝှက်ချက်

7.6K 796 9
                                    

Unicode
" အမေ စဥ်းစားကြည့် ယန်ဟွမ်ကရူးသွားပြီး လုရိကို သတ်လိုက်တယ်ဆိုရင်ရော အဖိုးက သူမကို မြေးချွေးမ အဖြစ် ဆက်ထားမယ်လို့ထင်လား။ "

" သားက လုရိကို သေစေချင်တာလား။ "

" အမေရော အတူတူပဲ မဟုတ်ဘူးလား။ လုမိသားစု အတွက် ဆက်ခံသူက ကျွန်တော် တစ်ယောက်ပဲရှိရင် လုံလောက်ပြီလေ။ ယဲ့ရှုယွမ်က အမေ့ကို တစ်ဘဝလုံးနီးပါး ဖိနှိပ်ခဲ့တာလေ။ သူ့သားကလဲ ကျွန်တော့်ကို ဖိနှိပ်နေခဲ့တာလေ။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်နဲ့ သူ နှစ်ယောက်ထဲက တစ်ယောက်ပဲ ရှိရမယ်။ အမေ စိတ်မပူနဲ့။ ကျွန်တော်အားလုံးစီစဥ် ပြီးနေပြီ။ ဒီလို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လို့ရမယ့် ကိစ္စကို အရူးကပဲ မလုပ်မှာ။ ဒီပြဿနာနှစ်ခုကို ဖြေရှင်းပြီးတာနဲ့ ကျွန်တော်တို့တွေ ညဆို ကောင်းကောင်းကြီးအိပ်လို့ရပြီ။ "

အမေနဲ့သားတို့ ပြောနေတဲ့ စကားတွေက ယန်ဟွမ်ရဲ့ နားထဲကို လုံးဝ အတိအကျကို ဝင်လာတယ်။ လုချင်းနဲ့ ကျန်တဲ့မိသားစုဝင်တွေက မတည့်ကြဘူးဆိုတာတော့ သူမ သိထားပေမဲ့လဲ ဒီလို လူမဆန်တဲ့ လုပ်ရပ်လောက်အထိကို လုပ်ရက်လိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့မိဘူး။ သူတို့က လုရိကို သတ်ပြီးတော့ သူမကို ဓားစာခံအဖြစ်ထားချင်ကြတာပဲ။

ဒီလိုမျိုး သိုးရေခြုံထားတဲ့ ဝံပုလွေကိုမှ သူမ ဘယ်လိုလုပ်ချစ်ခဲ့မိနိုင်ရတာလဲ။ သူ့ကိုဖော်ပြဖို့ရာအတွက် သွေးအေးတယ်ဆိုတဲ့ စကားလုံးကတောင်မနီးစပ်ဘူး။ သူက လူမဟုတ်ဘူး။ တိရိစ္ဆာန် မကောင်းဆိုးဝါးပဲ။

အဲ့ဒီ့ညက ကောင်းကင်မှာ လက နီနေသလိုပဲ။ ငရဲနဲ့တူတဲ့ သွေးရောင်လွှမ်းနေတဲ့ လရောင်က အမှောင်ထဲမှာ ထွက်ပေါ်နေတယ်။ အိမ်က ထူးထူးခြားခြား တိတ်ဆိတ်နေတယ်။ လုချင်းက သူ့ရဲ့ သတ်မဲ့ အစီအစဥ်အောင်မြင်အောင် လူတွေအားလုံးကို နည်းအမျိုးမျိုးနဲ့ အပြင်ထုတ်ထားတယ်ဆိုတာ သူမ သိတာပေါ့။

သူမ မင်းသမီးဖြစ်တုန်းက လုပ်ထားတဲ့ စတန့်တွေအတိုင်းပ​​ဲ သူမလှေကားပေါ်ကနေ ခုန်ကျော်ဆင်းလိုက်တယ်။ သူမ ကြမ်းပြင်ပေါ်ရောက်တာနဲ့ သူမရဲ့ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး အရှေ့ကိုယိုင်သွားတယ်။ ဒီတစ်ဆက်ထဲ လှုပ်ရှားမှုတွေကြောင့် ဗိုက်ကို နာကျင်စေတယ်။ အရမ်းဆိုးဆိုးဝါးဝါး နာလွန်းလို့ လဲကျမလိုတောင်ဖြစ်ခဲ့ရတယ်။ အဲ့ အချိန်မှာ လှေကားပေါ်ကနေ တစ်ယောက်ယောက်ဆင်းလာတဲ့ ခြေသံကိုကြားလိုက်ရတာကြောင့် သူမကြမ်းပြင်ပေါ်ကနေ မတ်တပ်ရပ်လိုက်တယ်။ လက်ထဲမှာ နွေးပြီးစိုစွတ်တဲ့ ခံစားမှုကြောင့် သူမငုံ့ကြည့်လိုက်တော့ လက်မှာသွေးတွေနဲ့ဖြစ်နေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now