အပိုင်း(၁၉၈) အပြိုင်သရုပ်ဆောင်ခြင်း

2.9K 452 14
                                    

Unicode
စားပွဲပေါ်ကို ခွက်ကို ပြင်းပြင်းချလိုက်တာက သူမရဲ့ ဒေါသကို ပေါ်လွင်ထင်ရှားစေတယ်။

အဲ့အချိန်မှာ သူမရဲ့ပုံစံက အရမ်းကို ဒေါသတွေနဲ့ ပြည့်နေတယ်။ သူမဝတ်ထားတဲ့ ဝတ်စုံနဲ့ ပေါင်းလိုက်တော့ သူမက အသက်၂၀ပဲ ရှိသေးတဲ့ လူသစ်လေးဆိုတာ ဘယ်သူမ ခန့်မှန်းနိုင်မှာ မဟုတ်တော့ဘူး။

ဘဝသက်တမ်းတစ်ဝက်စာလောက် သရုပ်ဆောင်လုပ်ခဲ့တဲ့ တစ်ချို့မင်းသမီးတွေတောင် သူမလို အရှိန်အဝါမျိုးရှိကြမှာ မဟုတ်ကြဘူး။

" ကိုယ်လုပ်တော်မီ က ငါ့ကို မကျေမနပ်ဖြစ်နေတာလား "

တစ်ခဏအတွင်းမှာပဲ သူမရဲ့ အကြည့်က ဘာသိဘာသာကနေ ကြမ်းတမ်းမှုကို ပြောင်းလဲသွားခဲ့တယ်။

" ဘုရင်မကြီး ကျွန်မ မဝံ့ရဲပါဘူး " ကိုယ်လုပ်တော်မီက နောက်ကျောကို ဆန့်ထားလိုက်တယ်။ သူမရဲ့ မျက်နှာထားက အရင်လိုပဲ မလေးမစားဖြစ်နေတုန်းပဲ။

" မဝံ့ရဲဘူး ဟုတ်လား။ ငါကတော့ မင်းမှာ သတ္တိတွေအများကြီး ရှိတယ်လို့ ထင်တာပဲ။ " ဘုရင်မကြီးက ထလာပြီး သူမရှေ့ကို လျှောက်လာခဲ့တယ်။ ရုတ်တရက် သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး ကိုယ်လုပ်တော်မီရဲ့ မေးစေ့ကို သူမလက်နဲ့ ကိုင်လိုက်တယ်။ ပြီးတော့ ကိုယ်လုပ်တော်မီရဲ့ မျက်လုံးအနက်ဆုံးနေရာထိ စိုက်ကြည့်နေလိုက်တယ်။

အဲ့ဒီ့မျက်လုံးတွေက ပြောပြလို့မရနိုင်တဲ့ အသံတိတ်အမုန်းတွေ နဲ့ပြည့်နေတယ်။ ကိုယ်လုပ်တော်မီရဲ့အသက်က သူမလက်ထဲမှာပဲ ရှိနေတဲ့ ပုံစံမျိုးကြီးပဲ။ ဘယ်လူတစ်ယောက်ရဲ့ အသက်ကိုမှ ဂရုမစိုက်အလေးမထားတဲ့ မျက်လုံးကြီး။

အဲ့တာပြီးတော့ ချက်ချင်းပဲ သူမက ကိုယ်လုပ်တော်မီရဲ့ ခေါင်းကိုဆွဲမော့လိုက်တယ်။ သူမမျက်လုံးထဲက ကျက်သရေရှိမှုက အေးစက်နေတဲ့ အပြုံးအဖြစ်ကို ပြောင်းလဲသွားတယ်။ " ဘယ်လောက်တောင်လလိုက်တဲ့ မျက်နှာလေးလဲ။ ဒါကြောင့်မလို့လဲ ဘုရင်က မင်းကို တမ်းတမ်းဆွဲဖြစ်နေတာ မဆန်းတော့ပါဘူးလေ။ ငါ့ကိုပြောစမ်း။ ငါ့ကို ဒီလိုပုံစံနဲ့ စကားပြောဖို့ မင်းကို ဘယ်သူက အခွင့်ပေးထားလို့လဲ။ "

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now